www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 20, 2018

ရန်ကုန်မြို့၌ အမိုးဖွင့် အပန်းဖြေ ဘတ်စ်ကား မကြာမီစတင် ပြေးဆွဲမည်



ရန်ကုန် ၂ဝ-၃-၂ဝ၁၈

ရန်ကုန်မြို့၏ ရှုခင်းများကို ကြည့်ရှု ခံစားနိုင်မည့် အမိုးဖွင့်အပန်းဖြေ ဘတ်စ်ကား (MlNGALARBUS) ကို အောက်တိုဘာလတွင် တရားဝင်စတင် ပြေးဆွဲပေးမည် ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည့် အမိုးဖွင့်ဘတ်စ်ကား မိတ်ဆက်ပွဲမှ သိရသည်။

ရန်ကုန်မြို့၌ အဆိုပါအမိုးဖွင့် ဘတ်စ်ကား ငါးစီးဖြင့် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်နှစ်ကြိမ် ပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးစဉ်ကို မြို့တော် ခန်းမရှေ့ ဆူးလေဘုရားအနီးမှစတင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

နံနက်ပိုင်းတွင် ကိုလိုနီခေတ် အဆောက်အအုံများ ရှိရာလမ်းတို့ကို ဖြတ်သန်းမောင်းနှင်ကာ ကမ်းနားလမ်းတစ်လျှောက် ကြည့်မြင်တိုင်ဝန်းကျင်ရှိ ပန်းတဉ်းလုပ်ငန်းများကို လေ့လာနိုင်မည်ဖြစ်ပြီး စမ်းချောင်းမြို့နယ်ရှိ
အထင်ကရ နေရာများကိုလည်း ကြည့်ရှုနိုင်ကာ မြို့ထဲသို့ ပြန်လည်မောင်းနှင်၍ ခရီးစဉ်ပြီးဆုံးမည် ဖြစ်သည်။

ညနေပိုင်းတွင် ရန်ကုန်မြို့အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် ကန်တော်ကြီးသို့ လည်ပတ်ပေးမည် ဖြစ်သည်။''လက်မှတ်တွေကို ခရီးသွားကုမ္ပဏီတွေနဲ့ ဟိုတယ်တွေမှာ မကြာခင် ဝယ်ယူနိုင်မှာပါ။ စမ်းသပ်ကာလအနေနဲ့ မတ်လမကုန်မီနဲ့ ဧပြီလမှာ ပြေးဆွဲပေးမှာပါ'' ဟု MlNGALARBUS မှ အုပ်ချုပ်မှုဒါရိုက်တာ ကိုအောင်သူလွင်က ပြောသည်။

ယာဉ်စီးခကို ကလေး ငွေကျပ် ၈ဝဝဝ၊ လူကြီး ငွေကျပ် ၁ဝဝဝဝ သတ်မှတ်ထားပြီး နိုင်ငံခြားခရီးသွားဧည့်သည် ကလေးတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာနှင့် လူကြီးတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger