www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 22, 2018

နှစ်လုံး၊ ချဲထီနှင့် နိုင်ငံတကာဘောလုံးပွဲ လောင်းကစား နေသူများကို လောင်းကြေးငွေကျပ်သိန်း ၁၂ဝကျော်နှင့် အတူဖမ်းဆီးရမိ



မန္တလေး ၂၂-၃-၂ဝ၁၈

မန္တလေး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ်ကွက်တွင် မတ်၂ဝရက်က နှစ်လုံး၊ ချဲထီနှင့် နိုင်ငံတကာဘောလုံးပွဲ လောင်းကစား နေသူများကို လောင်းကြေးငွေကျပ်သိန်း ၁၂ဝကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၃) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည်မတ် ၂ဝရက် ညနေ ၃နာရီက သက်သေများနှင့်အတူ လောင်းကစားသတင်းအရ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် ၆၂လမ်း၊ ၂၇×၂၈လမ်းကြား အကွက်အမှတ် (၈ဝ၆) ရှိ နေအိမ်သို့ ဝင်ရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ၆ပေ×၁ဝပေခန့်ရှိ သွပ်မိုး၊ ထရံကာ ယာယီတဲအတွင်း ထွန်းထွန်းသာ ကန်ကောက်ရပ်ကွက် ချမ်းအေးသာစံမြို့နယ်၊ ကိုမြို့ အောင်ရတနာ လမ်းသွယ်ပြည်ကြီး မျက်မှန်ရပ်ကွက်၊ ခင်မောင်ဌေး ယဉ်ပျံရပ် ကန်ကောက်ရပ်ကွက်၊ သန်းဇော်ထွေး အောင်နန်း အနောက်ရပ်ကွက် ချမ်းအေးသာစံ မြို့နယ်၊ မဇွန်ပွင့်ဖြူ မဟာမြိုင် (၂) ရပ်ကွက် မဟာအောင်မြေမြို့နယ်၊ မသန္တာဦး ပြည်ကြီးမျက်မှန် ရပ်ကွက်နေသူတို့ ခြောက်ဦးကို နှစ်လုံး၊ချဲထီနှင့် နိုင်ငံတကာ ဘောလုံးပွဲ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ Lenovo Laptop တစ်လုံး၊ Acer Laptop တစ်လုံး၊ Epson Printer နှင့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်းမျိုးစုံ ၁ဝလုံး၊ လောင်းကြေးငွေကျပ် ၁၂၈၉၉ဝဝဝ တို့နှင့် အတူတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထွန်းထွန်းသာပါ ခြောက်ဦးကို အမှတ်(၃) နယ်မြေရဲစခန်းက (ပ)၁၅၂/၂ဝ၁၈ လောင်းကစား ဥပဒေ ပုဒ်မ-၁၅(က)/ ၁၆(က) အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger