www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 7, 2018

ဘင်္ဂါလီ ခုနစ်ဦးကို ငွေကျပ် နှစ်သိန်းခွဲစီယူ၍ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးသူများ ဖမ်းဆီးရမိ



ရန်ကုန် ၇-၃-၂ဝ၁၈

ရန်ကုန်မြို့သို့ သွားရောက်မည့် ခိုးဝင်ဘင်္ဂါလီ ခုနစ်ဦးအား သယ်ဆောင်လာသည့် မော်တော်ယာဉ်ကို ယနေ့ နံနက် ၅ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး ပုသိမ်-မုံရွာကားလမ်းတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးရေးအဖွဲ့က တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း ရေနံမနယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ဘင်္ဂါလီခုနစ်ဦးမှာ လွန်ခဲ့သော ရက်၂ဝခန့်က ရခိုင်ပြည်နယ်ဘက်မှ တောလမ်းခရီးအတိုင်း ခြေကျင်လျှောက်လာကြကာ စိုးမင်းထွေးက တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းခွဲစီရယူ၍ မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိခြင်းသည်။

အဆိုပါ ယာဉ်မောင်း စိုးမင်းထွေး၏ မော်တော်ယာဉ်ပေါ်တွင် ဘင်္ဂါလီ ခုနစ်ဦးနှင့်အတူ ယာဉ်နောက်လိုက် မောင်မောင်ကျော်လည်း ပါဝင်ပြီး စိုးမင်းထွေးထံမှ ငွေကျပ်တစ်သောင်းတန် ငွေစက္ကူအရွက် ၇ဝ၊ ကားအတွင်းရှိ ၎င်း၏ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူရောရာ ငွေကျပ် ၂၇၅ဝဝဝနှင့် ဖုန်းတစ်လုံး၊ ယာဉ်နောက်လိုက် မောင်မောင်ကျော်ထံမှ ဖုန်းတစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ခိုးဝင်ဘင်္ဂါလီများ ဝင်ရောက်နေမှုကို ရေနံမနယ်မြေရဲစခန်းမှူးရဲအုပ် မျိုးမင်းထွန်း၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်း နှိမ်နင်းရေးမှ ရဲအုပ် ရဲနိုင်မြင့်၊ သရက်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးမှ ဒုတိယရဲအုပ် သိန်းမင်း၊ လက်ပံ တံခါးရဲကင်းစခန်းမှူး ရဲအုပ် မြင့်ဇော်ဦးနှင့်အဖွဲ့၊ ရေနံမနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် နေအောင်ဦးနှင့်အဖွဲ့၊ ရှမ်းတပ် ရဲကင်းစခန်းမှူး ရဲအုပ်သက်နိုင်ဦးနှင့်အဖွဲ့၊ ရွှေချောင်းရဲကင်းစခန်းမှူး ဒုတိယရဲအုပ် တင်အောင်စန်းနှင့် အဖွဲ့တို့က သတင်းအရ မတ် ၅ ရက်ည ၉ နာရီခန့်ကတည်းက ယုဇနလမ်းဆုံ၊ ကန်တုတ်လမ်းဆုံ၊ဘန့်ပြင်လမ်းပေါက်၊ ချင်းကုန်၊ လမ်းပေါက်တို့တွင် ယာဉ်အဝင်၊ အထွက်၊ လူသွား၊လူလာများကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေး ခဲ့သည်။

ပိတ်ဆို့ရှာဖွေရေး အဖွဲ့များက စောင့်ဆိုင်းရှာဖွေနေစဉ် ယနေ့နံနက် ၅ နာရီခန့်တွင် ရေနံမနယ်မြေရဲစခန်း အနောက်မြောက်ဘက် ၁၆ မိုင်ခန့်အကွာ ပုသိမ်-မုံရွာကားလမ်း၌ ဘင်္ဂါလီအမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး၊ ကလေးနှစ်ဦးတင်ဆောင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေတွေ့ရှိ ခြင်းဖြစ်ပြီး အဆိုပါဘင်္ဂါလီခုနစ်ဦးကို ၁၉၄၉ခုနှစ် မြန်မာနိုင်ငံသား မှတ်ပုံတင်ရေး အက်ဥပဒေအရအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သတ်မှတ်နယ်မြေမှ ကျော်လွန်၍ ခရီးသွားလာခွင့် မရှိသူများကို အခကြေးငွေယူ၍ တရားမဝင် ခေါ်ဆောင်လာသူ စိုးမင်းထွေးနှင့် မောင်မောင်ကျော်တို့ နှစ်ဦးကို ရေနံမနယ်မြေရဲစခန်းက (ပ)၁၁/၂ဝ၁၈၊ ရာဇသတ် ကြီးပုဒ်မ ၂၆၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger