www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 6, 2018

Suzuki Carry ယာဉ်မောင်းကို ကားလမ်းမပေါ်တွင် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းဝန်းထိုးကြိတ်ခဲ့သူ ငါးဦးကို နာရီပိုင်းအတွင်း ဖမ်းမိ



ရန်ကုန် ၆-၂-၂ဝ၁၈

Suzuki Carry ယာဉ်မောင်းကို ကားလမ်းမပေါ်တွင် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းဝန်း ထိုးကြိတ်ခဲ့သူငါးဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံ လမ်းမပေါ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့် Suzuki Carry အဖြူရောင် ယာဉ်မောင်းကို အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းဝန်းထိုးကြိတ် ခဲ့သူငါးဦးကို နာရီပိုင်းအတွင်းလှော်ကားလမ်းခွဲတွင် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပြသည်။

"အုပ်စုလိုက် ဝိုင်းဝန်း ထိုးကြိတ်သွားတာ။ ခုတော့ ပြစ်မှုကျူးလွန်သူ တွေကိုဖမ်းမိထားပါပြီ။ ကျွန်တော်တို့ အနေနဲ့လဲ သတင်းရတာနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိနိုင်ဖို့အတွက် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်လိုက်တာ သုံးနာရီအတွင်းမှာပဲ ချက်ချင်း ဖမ်းဆီးရမိပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

Suzuki Carry အဖြူရောင်ယာဉ်သည် သိမ်ကြီးဈေးမှ ဈေးဝယ်ပြီးပြန်လာရာ ထောက်ကြန့် စစ်သင်္ချိုင်းရှေ့အရောက်တွင် ဆိုင်ကယ်တစ်စီးနှင့် တိုက်မိလုနီးနီး ဖြစ်ခဲ့သဖြင့် ဆိုင်ကယ်သမားများက ဆဲဆိုခဲ့ပြီး ထောက်ကြန့်လမ်းဆုံ အနီးအရောက်တွင် ဆိုင်ကယ် သုံးစီးမှလိုက်ပါလာပြီး တစ်စီးမှ ကားရှေ့တွင်ကန့်လန့်ဖြတ် ပိတ်ထားကာ ဆိုင်ကယ်ပေါ်မှ အမျိုးသားငါးဦးတို့သည် Suzuki Carry မောင်းအမျိုးသားကို ဝိုင်းဝန်းထိုး ကြိတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ခဲ့သူ လှိုင်သာယာမြို့နယ် နေသူများဖြစ်သည့် အောင်မြင့်သူနှင့် ညိုမောင်၊ မှော်ဘီမြို့နယ် နေသူများဖြစ်သည့် နိုင်လင်း၊သက်ပိုင်ဦးနှင့် မင်းထက်အောင်တို့ကို ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ် သုံးစီးနှင့်အတူ ဖမ်းဆီးရမိထားပြီး ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်များသည်လည်း လိုင်စင်မဲ့များ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger