www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 8, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူလေကြောင်း ပြပွဲ (Singapore Airshow 2018) တက်ရောက်ကြည့်ရှု၊ စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံဆွေးနွေး



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Changi Exhibition Centre အတွင်း
 ပြသထားသည့်ပြခန်းများကို ကြည့်ရှုလေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen.Perry Lim တို့ တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခင်းကျင်းပြသထားသည့် တိုက်ခိုက်ရေးလေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များအား လိုက်လံကြည့်ရှုစဉ်။

နေပြည်တော် ၈-၂-၂ဝ၁၈

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ၊ စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် Changi Exhibition Centre ၌ ကျင်းပပြုလုပ် လျက်ရှိသည့် စင်ကာပူ လေကြောင်းပြပွဲ (Singapore Airshow 2018) သို့တက်ရောက် ကြည့်ရှုလေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် Changi Exhibition Centre အတွင်းပြသထားသည့် ပြခန်းများအားလှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများ ကလိုက်လံ ရှင်းလင်း ပြသကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim နှင့် Ministry of Defence Chalet ၊ Changi Exhibition Center ၌ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မလက္ကာရေလက်ကြား ပင်လယ်ပြင်လုံခြုံရေးနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်သင်္ဘောများ အပြန်အလှန်လည်ပတ်ရေး၊ စစ်ဘက်ဆေးပညာပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် တိုက်ခိုက်ရေး လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များအား လိုက်လံကြည့်ရှု လေ့လာကြသည်။ ထို့နောက် လေယာဉ်ပျံသန်းမှု ပြသခြင်းအား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger