www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 7, 2018

ချမ်းအေးသာစံ မြို့နယ်တွင် RC နှစ်ထပ်တိုက် အပေါ်ထပ်ရှိ အိမ်ခန်းအတွင်း အဲကွန်း Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



မန္တလေး ၇-၂-၂ဝ၁၈

မန္တလေး ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက် အကွက် ၇၂၂၊ ၂၇ လမ်း၊ ၇၄-၇၅ လမ်းကြား၊ ပိုင်ရှင် ဦးစိုးမင်း (ဘ) ဦးလှမင်း၏ ၂၅×၄ဝ ပေ RC နှစ်ထပ်တိုက် အပေါ်ထပ်ရှိ ၁ဝ×၂ဝ ပေ အိမ်ခန်းအတွင်း ယနေ့ ညနေပိုင်း အဲကွန်း Safe Guard အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို ယနေ့ညနေ ၄ နာရီ မိနစ် ၅ဝ က သတင်းရရှိသဖြင့် မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှု ယာဉ်နှစ်စီး၊ သန္ဓေမီးသတ်ဦးရေ ၃ဝ၊ အရန်မီးသတ်ဦးရေ ၅ဝ တို့ဖြင့်သွားရောက် ငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ် ရေဂါလန် ၃၂ဝဝ၊ မီးကြွင်းမီးကျန်ဂါလန် ၈ဝဝ အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ညနေ ၅နာရီ မီးထိန်းနိုင်ကာညနေ ၅နာရီ ၅ မိနစ်တွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် အဲကွန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးပြီး တန်ဖိုးငွေကျပ် ၅၃ဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ရှင်ဦးစိုးမင်း (ဘ) ဦးလှမင်းကို ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းက (ပ) ဝ၆၅/၂ဝ၁၈ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger