www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 19, 2018

မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်ကို ၁ဝ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ရန်စီစဉ်



ရန်ကုန် ၁၉-၂-၂ဝ၁၈

တစ်နှစ်ထက်တစ်နှစ် မြန်မာ့တော ဆင်ရိုင်းကောင်ရေ လျော့နည်းလာမှုနှင့် ဆင်စားကျက် မြေဆုံးရှုံးခြင်းများ ကာကွယ်နိုင်ရေးအတွက် မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် (၂ဝ၁၈-၂ဝ၂၇) ကို ၁ဝ နှစ်စီမံကိန်းဖြင့် စတင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ တောဆင်ရိုင်းများ၏ နေထိုင်ရာဒေသများနှင့် ဆင်ကျက်စားရာ နယ်မြေများ ကျဉ်းမြောင်းလာခြင်း၊ ဆင်နှင့်လူ ပဋိပက္ခများဖြစ်ပွားမှု များလာခြင်း၊ တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများနှင့် ဆင်၏ အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှုများကြောင့် ဆင်ရိုင်းကောင်ရေများ သိသိသာသာ လျော့ကျလာကြောင်း သိရသည်။

မြန်မာ့ဆင်မျိုးစိတ်များ ရေရှည်ထိန်းသိမ်းနိုင်ရန် သိပ္ပံနည်းကျ သုတေသနပြု လေ့လာဆန်းစစ် ခြင်းတို့ကို အခြေခံကာ မြန်မာနိုင်ငံ၏ ပထမဆုံး ဆင်ထိန်းသိမ်းရေး စီမံချက်ကို ရေးဆွဲခဲ့ပြီး ၂ဝ၁၈ ခုနှစ်မှစ၍ ၂ဝ၂၇ ခုနှစ်အထိ ၁ဝ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ယင်းစီမံချက်တွင် အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် တောဆင်ရိုင်းများနှင့် ၎င်းတို့ကျက်စားရာ နယ်မြေများကို ကာကွယ်ခြင်း၊ လူနှင့်ဆင် ပဋိပက္ခဖြေရှင်းခြင်း၊ ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှုကို တားဆီးအရေးယူခြင်း၊ အိမ်မွေးဆင်များကို စီမံခန့်ခွဲခြင်း တို့ပါဝင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger