www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 21, 2018

မင်းဘူး-စလင်း-တညောင်လမ်းပေါ် ရှိ မုန်းချောင်းတံတား (ပွင့်ဖြူ) တည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းပြီးစီး



ပွင့်ဖြူ ၂၁-၂-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ မင်းဘူး-စလင်း-တညောင်လမ်းပေါ်ရှိ မုန်းချောင်းတံတား (ပွင့်ဖြူ) ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ခန့်မှန်းတန်ဖိုး ငွေကျပ်သန်း ၄ဝဝဝဖြင့် တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ရက်ထိ တံတားတည်ဆောက်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေး (၂)  တံတားအထူးအဖွဲ့ (၅) ဆိပ်ဖြူမှ စီမံကိန်းတာဝန်ခံထံမှ သိရသည်။

ယခုတည်ဆောက်နေသော တံတားကြီးကို ပွင့်ဖြူဘက်ခြမ်း မုန်းနားစုဘက်တွင် ကမ်းကပ်ခုံတစ်ခု၊ မင်းရွာဘက်တွင် ကမ်းကပ်ခုံတစ်ခု ဆောက်လုပ်ပြီးစီးကာ စကုတံတား တည်ဆောက်သကဲ့သို့ ယခင်တံတား အဟောင်းမှ တိုင်များကို အသုံးမပြုဘဲ ရေလည်တိုင် အသစ်များဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ရေလည်တိုင်များလည်း အားလုံးပြီးစီးသလောက် ရှိနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေး (၂) တံတားအထူးအဖွဲ့ (၅) ဆိပ်ဖြူမှ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာ ဦးညွန့်လွင်က ပြောပြသည်။

"တည်ဆောက်နေတဲ့ မုန်းချောင်းဖြတ်သံကူ ကွန်ကရစ် တံတားကြီးမှာ ရေလည်တိုင် ၁၂တိုင်နဲ့ ကမ်းကပ်ခုံနှစ်ခု ပါရှိပြီး တံတားအရှည် ၃၉၆ ဒသမ ၂၄ မီတာ ပေ ၁၃ဝဝရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိပါတယ်။ တံတားကြီး တည်ဆောက်မှု အပိုင်းမှာ ၇၅ ရာခိုင်နှုန်းထိပြီးစီးနေပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နေပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

မုန်းချောင်းပေါ်တွင် ယခင်က မော်တော်ယာဉ်များ ဖြတ်သန်းသွားလာရန် သံပေါင်ဘေလီတံတား ကြီးရှိခဲ့ပြီး ယခုအခါ ၎င်းတံတားကြီးမှာ မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်စဉ် အလွန်အန္တရာယ်ရှိပြီး တံတားအခင်း ပျဉ်ချပ်များ ဆွေးမြည့်ကာ အန္တရာယ်ရှိ တံတားအဖြစ် သတ်မှတ်ထားသောကြောင့် သံကူကွန်ကရစ် တံတားကြီး တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger