www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 5, 2018

မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများပူးတွဲ၍ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးတွင် သံဃာတော်အပါး (၁၀၀၀) အားဆွမ်းဆန်တော် နှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားကျင်းပ


မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူစဉ်။

မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဆရာတော်ကြီးအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူစဉ်။

မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဆရာတော်ကြီထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ထုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen.Tarnchaiyan Srisuwan နှင့် ဇနီး Mrs. Jiraporn Srisuwan နှင့် အခမ်းအနားတက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်Gen.Tarnchaiyan Srisuwan နှင့်ဇနီး Mrs. Jiraporn Srisuwan နှင့်
နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်စဉ်။

မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်။

မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်ဆရာတော်ကြီးအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen.Tarnchaiyan Srisuwan နှင့်ဇနီး Mrs. Jiraporn Srisuwan  တို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Tarnchaiyan Srisuwan နှင့်ဇနီး Mrs. Jiraporn Srisuwan   တို့က တာဝန်ရှိသူများထံ အလှူငွေများပေးအပ်လှူဒါန်းစဉ်။

မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်ဆရာတော်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူစဉ်။

နေပြည်တော် ၅-၂-၂ဝ၁၈

မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများပူးတွဲ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော် အပါး (၁၀၀၀) အားဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သြ၀ါဒါစရိယ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ က၀ိသာရအမှူးပြုသော နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwanနှင့်ဇနီး Mrs. Jiraporn Srisuwan ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်နှင့် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများသည် မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တက၀ိသာရအမှူး ပြုသော ဆရာတော်၊ သံဃာတော်အပါး (၁၀၀၀)အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

ယင်းနောက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူး ကြသည်။

ဆက်လက်ပြီး မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် မိသားစုများပူးတွဲ၍ သံဃာတော်အပါး (၁၀၀၀) အားဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လောင်းလှူခြင်း အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်း အနားအား ကျင်းပပြုလုပ်ရာ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ က၀ိသာရထံမှငါးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်သံဃာတော်များထံမှ မေတ္တသုတ်ပရိတ်တရားတော်များနာယူကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး နှင့် အခမ်းအနား တက်ရောက် လာကြသည့်နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေစင်ရွှေပြားကပ်လှူပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံရန် အတွက်အလှူငွေများနှင့် မဟာပရဟိတမိဘမဲ့ ဂေဟာ(စမတောင်)တို့အတွက်အလှူငွေ များပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ က၀ိသာရထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက်ရောက် လာကြသည့်နှစ်နိုင်ငံ တပ်မတော်အရာရှိ ကြီးများသည် မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ က၀ိသာရအမှူးပြုသော ဆရာတော်ကြီးများ အားနေ့ဆွမ်း ဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။

ယနေ့ကျင်းပပြုလုပ်သည် မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် (ကြည်း၊ ရေ၊လေ)မိသားစုများပူးတွဲ၍ သံဃာတော်အပါး(၁၀၀၀)အား ဆွမ်းဆန်တော်နှင့်လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားသည် မြန်မာ့ တပ်မတော်နှင့်ထိုင်းဘုရင့်တပ်မတော် နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုခိုင်မြဲသည့် အထိမ်းအမှတ်မှတ်တိုင် တစ်ရပ်အဖြစ် ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အင်အား ၁၂၀ ကျော်တက်ရောက်ခဲ့ သည်။ အဆိုပါထိုင်းဘုရင့်တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် မန္တလေးမြို့ရှိ မဟာမြတ်မုနိ ဘုရားကြီးနှင့် မန္တလေးတောင်တော်သို့သွားရောက် ဖူးမြော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger