www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 8, 2018

ပြည်ခရိုင် ရွှေတောင်မြို့တွင် မီးပလတ်ခုံ အပူလွန်ကဲရာမှ နေအိမ်သုံးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား



ရွှေတောင် ၈-၂-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့တွင် မီးပလတ်ခုံ အပူလွန်ကဲရာမှ နေအိမ်သုံးလုံး မီးလောင်ကျွမ်းမှု ယနေ့နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုမှာ ရွှေတောင်မြို့ သရက်တောရပ်ကွက် ဘီးတန်းလမ်းတွင် နေအိမ်မှတစ်ဆင့် လမ်းမီးပေးထားသော မီးလိုင်းပလတ်ခုံမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး နေအိမ်သုံးလုံးနှင့် မော်တော်ဆိုင်ကယ်တစ်စီး မီးလောင် ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ရွှေတောင်မြို့နယ်မှ သန္ဓေမီးသတ် ၂၅ဦး၊ အရန်မီးသတ်ဦးရေ ၇ဝ၊ မီးသတ်ကား လေးစီးဖြင့် မိနစ် ၃ဝ အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်သုံးလုံးမှ လူ ၁၃ဦးကို နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် နေရာချ ထားပေးခဲ့ရပြီး တိရစ္ဆာန်နှင့်လူ ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဖြုဖြူဝင်းကို ရွှေတောင် မြို့မရဲစခန်းက (ပ)၂၂၂/၂ဝ၁၈၊ ဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger