www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 2, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ခွင့်ပြုချက်မရှိသော ရေသန့်လုပ်ငန်းများ ပိတ်သိမ်းမည်



မန္တလေး ၂-၂-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်း တရားဝင်ခွင့်ပြု ထားသောရေသန့် ထုတ်လုပ်သည့်လုပ်ငန်း ၁ဝဝ ကျော်ရှိပြီး ခွင့်ပြုချက်မရှိသော ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းများကို ပိတ်သိမ်း၍ အရေးယူမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

၂ဝ၁၇ ခုနစ်အတွင်းက ရေသန့်ထုတ်လုပ်ငန်းများကို စစ်ဆေးမှု ပြုလုပ်ခဲ့ရာ FDA ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်နေသည့် လုပ်ငန်း ၁၅ခုကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

FDA ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းတွေကို ပိတ်သိမ်းခိုင်းတာပါ။ သူတို့တွေ ထုတ်လုပ်နေတဲ့အခါ တချို့လုပ်ငန်းတွေက ရေမကောင်းတာတွေ၊ ရေသန့်ထုတ်လုပ်ဖို့ အတွက်အရည်အသွေး မမီတာတွေကို တွေ့ရပါတယ်။ တချို့လုပ်ငန်းတွေကျ တော့လဲ ရေသန့်ထုတ်လုပ်ဖို့ အတွက်အရည်အသွေး မီတယ်။ FDA ရဲ့ခွင့်ပြုချက်မရှိဘူး။ ဒီအရာတွေကို တွေ့ရပါတယ်"ဟု ၎င်းက ပြောပြသည်။

FDA ခွင့်ပြုချက်ဖြင့် ထုတ်လုပ်နေသည့် ရေသန့်လုပ်ငန်းရှင် ၁ဝဝ ကျော်ကို နှစ်နှစ်သက်တမ်းဖြင့် ခွင့်ပြုထားကြောင်း၊ တရားမဝင် ထုတ်လုပ်နေသည့် ရေသန့်လုပ်ငန်းများကို နောက်တစ်ကြိမ် ထုတ်လုပ်မှု မပြုရန်အတွက် ဝန်ခံကတိထိုး၍သတိပေးမှု ပြုထားပြီးပိတ်သိမ်းထားသည့် ရေသန့်လုပ်ငန်းများ ဆက်လက် ထုတ်လုပ်နေမည်ဆိုပါက အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ပိတ်သိမ်းထားတဲ့ လုပ်ငန်းတွေ သွားရောက်စစ်ဆေးလို့ တွေ့ရင်တရားစွဲမှာပါ။ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ ခွင့်မပြုဘဲ ထုတ်လုပ်နေတဲ့ လုပ်ငန်း ၁၅ ခုကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူတို့ကိုလဲ ပိတ်ခိုင်ထားပါတယ်။ ဆက်ထုတ်နေတဲ့ လုပ်ငန်းတွေကိုတော့ တရားစွဲထားပါတယ်။ အဓိကကတော့ အရည်သွေးပြည့်မီပြီး ခွင့်ပြုချက်ရှိတဲ့ ရေသန့်တွေဈေးကွက်ကို ရောက်ရှိအောင်လို့ပါ"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger