www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 8, 2018

ကသာခရိုင် သစ်တော စိုက်ခင်းများတွင် နှစ် ၃ဝ အထက်ရှိ ကျွန်းစိုက်ခင်းများကို တရားဝင်သစ် ထုတ်လုပ်ရန် စာရင်းကောက်ယူ



အင်းတော် ၈-၂-၂ဝ၁၈

ကသာခရိုင် သစ်တောစိုက်ခင်း များတွင် နှစ် ၃ဝ အထက်ရှိ ကျွန်းစိုက်ခင်းကို နိုင်ငံအကျိုးအမြတ် ရရှိရေးသစ်များ တရားဝင်ထုတ်ယူရန် အင်းတော်မြို့နယ် ပင်ဝယ်ဘိနယ် ဖက်ဆွတ်ကြိုးဝိုင်း အကွက် (၁၄) ရှိ ၁၉၆၈ ခုနှစ် ကျွန်းစိုက်ခင်း ၆၂ ဧကအတွင်း စာရင်းကောက်ယူခြင်း လုပ်ငန်းကို သစ်တောဝန်ထမ်းများ စုပေါင်း၍ ဖေဖော်ဝါရီ ၄ ရက် နံနက် ၇ နာရီက စတင်ကွင်းဆင်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း အင်းတော်မြို့နယ် သစ်တောဦးစီး ဌာနမှ သိရသည်။

သစ်တောဦးစီးဌာန ရုံးချုပ်(နေပြည်တော်) ကြီးကြပ်မှုဖြင့် အင်းတော်မြို့နယ်အတွင်းရှိ နှစ် ၃ဝ အထက် စီးပွားရေးစိုက်ခင်းများကို သစ်ထုတ်ယူရရှိရေး အခြေအနေ၊ ဂေဟစနစ် ပြောင်းလဲလာမှု၊ ဇီဝမျိုးကွဲများ ရှင်သန်မည့် အခြေအနေများကို ကသာခရိုင် သစ်တောဦးစီးဌာန၊ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူးမြို့နယ်တို့ရှိ မြို့နယ်ဦးစီးမှူးနှင့် သစ်တောဝန်ထမ်း၂၈ဦးတို့က စာရင်းကောက်ယူ ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ကသာခရိုင်အတွင်းရှိ မြို့နယ်များအတွက် ဆက်လက် စာရင်းကောက်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အင်းတော်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူးက ပြောပြသည်။

ကသာခရိုင် အတွင်းရှိ သစ်တောစိုက်ခင်း (ကျွန်း) များသည် တစ်နိုင်ငံလုံးရှိ စီးပွားရေး ကျွန်းစိုက်ခင်းများ၏ ၅ဝ ရာခိုင်နှုန်းခန့်ရှိပြီး သစ်တောစိုက်ခင်းများမှ သစ်ထုတ်လုပ်နိုင်ရေးသည် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု တစ်ထောင့်တစ်နေရာမှ အသုံးပြုနိုင်စေရန် ထုတ်ယူသွားမည် ဖြစ်ကြောင်း၊ ထုတ်ယူလိုက်ခြင်းဖြင့် ကျန်ရှိနေသောကျွန်းပင် အချို့မှာ အရိပ်ပွင့်ပြီး လျင်မြန်စွာ ကြီးထွားလာနိုင်ရေး အတွက်ပံ့ပိုးမှု ဖြစ်စေလာနိုင်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger