www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 25, 2018

မြန်မာ့တိုက်လိပ်ကို မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင် ထည့်သွင်းထား



နေပြည်တော် ၂၅-၁-၂ဝ၁၈

မြန်မာ့တိုက်လိပ်ကို မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင်ထည့်သွင်း ထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန (နေပြည်တော်) ၏ ကောက်နုတ်ချက်များအရ သိရသည်။

မြန်မာ့တိုက်လိပ်သည် ရေချိုလိပ်မျိုးဖြစ်ပြီး အသီးအရွက်ကို အဓိကထားစားကြောင်း၊ ၎င်းတို့ကို ဧရာဝတီမြစ်၊ သံလွင်မြစ်၊စစ်တောင်းမြစ်၊ ရွှေလီမြစ်၊ ချင်းတွင်းမြစ်နှင့် ဒုဋ္ဌဝတီမြစ်တို့တွင် တွေ့ရှိနိုင်သော်လည်း ကွင်းဆင်း လေ့လာမှုများ အရ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့နယ်တစ်ဝိုက်တွင် အများဆုံးတွေ့ရှိရကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က မြန်မာ့တိုက်လိပ်ကို မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်တစ်မျိုးအဖြစ် ထိန်းသိမ်းကာကွယ်ရန် အဆင့်သတ်မှတ်ထားရှိပြီး မြန်မာ့တိုက်လိပ်ကို မျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန် များစာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

မြန်မာ့တိုက်လိပ်များသည် လူတို့၏ပယောဂကြောင့် ၎င်းတို့ပေါက်ဖွားရှင်သန်ရာ နေရင်းဒေသများ ပျက်စီးခြင်း၊ အစားအစာနှင့် ရောင်းချရန်အတွက် သတ်ဖြတ်ခံရခြင်း၊ လိပ်ဥများကို လွန်ကဲစွာရှာဖွေ စုဆောင်း၍ စားသောက်ခြင်း၊ ရောင်းချခြင်းတို့ကြောင့် မျိုးသုဉ်းလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့သော အခြေအနေမှ အမြန်ဆုံး ကြိုတင်ကာကွယ်နိုင်ရန် အတွက် သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူးပေါင်း၍ ချင်းတွင်းမြစ် အထက်ပိုင်း လင်းဖားကျေးရွာအနီးတွင် မြန်မာ့တိုက်လိပ်များကို သဘာဝနည်းအတိုင်း သားပေါက်ခြင်း၊ ထိန်းသိမ်းမွေးမြူ စောင့်ရှောက်ခြင်း လုပ်ငန်းများဆောင်ရွက် နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန(နေပြည်တော်) ၏ ကောက်နုတ်ချက်များအရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger