www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 16, 2018

ကျိုက်ထီးရိုး စေတီတော် ရင်ပြင်တစ်ခုလုံး အပူခံစကျင်ကျောက်ပြားများ ခင်းရန်စီစဉ်



ကျိုက်ထို ၁၆-၁-၂ဝ၁၈

ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၏ ရင်ပြင်တော် တစ်ခုလုံးကို အပူခံစကျင်ကျောက်ပြားများ ခင်းရန်စီစဉ်ထားကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဦးအေးမြင့်သိန်းထံမှ သိရသည်။

''အဲဒီလိုခင်းဖို့ လုပ်ငန်းတင်ဒါတွေ၊ ပစ္စည်းတင်ဒါတွေ ခေါ်ယူပြီးသွားပြီ။ ဒီရက်ပိုင်း လုပ်ငန်းစတင်မှာပါ။ အမြန်ဆုံး ပြီးစီးအောင်လည်း ဆောင်ရွက်မှာပါ'' ဟု ဦးအေးမြင့်သိန်းက ပြောသည်။

လက်ရှိတွင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်၏ ရင်ပြင်တော်ပေါ်၌ ခင်းထားသည့် ကျောက်ပြားများမှာ နေပူခံကျောက်ပြားများ မဟုတ်သဖြင့် နေ့ခင်းအချိန် ဘုရားဖူးများ သွားလာရာတွင် ခြေပူသက်သာ၍ စိတ်ချမ်းမြေ့စွာ သွားလာကြည်ညို နိုင်စေရန် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

တချို့သော ဘုရားဖူးများမှာ စေတီတော် ရင်ပြင်တော်ပေါ်၌ ညအိပ်တည်းခို ကြသဖြင့် ကျောက်ပြားခင်းသည့် လုပ်ငန်းများအတွက် နှောင့်နှေးကြန့်ကြာနိုင်ကြောင်း ခန့်မှန်းထားသော်လည်း သုံးလအတွင်း ပြီးစီးရန်လည်းလျာထားကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ အနေဖြင့် ၂ဝ၁၆ ခုနှစ်တွင် ဦးရေ ခုနစ်သိန်းကျော်သာ လာရောက်ရာမှ ၂ဝ၁၇ ခုနှစ်အတွင်းတွင် ဦးရေရှစ်သိန်းကျော်အထိ လာရောက်သူ တိုးလာကြောင်း သိရသည်။

#Themyawadydaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger