www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 24, 2018

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၌ တည်ရှိသော 68 Residence ကွန်ဒို အရောင်းပြပွဲ ကျင်းပမည်



ရန်ကုန် ၂၄-၁-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၌ တည်ရှိသော 68 Residence ကွန်ဒိုအရောင်းပြပွဲကို ဆရာစံလမ်းအမှတ် (၄၄/က) ၌ တည်ရှိသော 68 Residence Show Room တွင် ဇန်နဝါရီ ၂၆ ရက်မှ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အရောင်းပြပွဲကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပမည်ဖြစ်ပြီး အခန်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည် ဖြစ်သည့်အပြင် ၁ဝ နှစ်မှ ၁၅ နှစ်အထိ အရစ်ကျငွေ ပေးသွင်းဝယ်ယူနိုင်သော စနစ်ဖြင့်လည်း ရောင်းချပေးမည် ဖြစ်သည်။ တိုက်ခန်း တန်ဖိုးအနေဖြင့် တစ်စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၃၁၅ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အထူးအစီအစဉ်အနေဖြင့် ပြပွဲရက်အတွင်း ဝယ်ယူမည့်သူများအား လက်ဆောင် အနေဖြင့်ငွေကျပ် သိန်း ၂ဝဝ တန်ဖိုးရှိ ပရိဘောဂပစ္စည်းများ ပြန်လည်ပေးအပ်မည် ဖြစ်သည်။

''အရောင်းပြပွဲပြုလုပ် ရောင်းချပေးတာက ဝယ်ယူချင်တဲ့ပြည်သူ တွေအနေနဲ့ ပြပွဲရက်အတွင်းမှာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်အောင် ရည်ရွယ်ပြီး ကျင်းပတာပါ။ ဝယ်သူစိတ်ကြိုက် အကောင်းဆုံးပုံစံနဲ့ ရောင်းချပေးမှာဖြစ်တဲ့ အတွက် စိတ်ချမ်းသာမှု အပြည့်ရမှာပါ''ဟု 68 Residence Show Room ၏ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

68 Residence သည် ရန်ကုန်မြို့၌ နိုင်ငံတကာအဆင့်မီ W ပုံစံဖြင့် တည်ဆောက်ထားသော ကွန်ဒိုမီနီယံ တစ်ခုဖြစ်ပြီး စတုရန်းပေ ၁ဝ၈ဝ ပေရှိသောအခန်းနှင့် ၂ဝ၇၅ စတုရန်းပေ ရှိသောအခန်းဟူ၍ အမျိုးအစားနှစ်မျိုးပါဝင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger