www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 26, 2017

တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေးရွာအနီးတွင် ကွန်ကရစ်ဇလီဖားတုံးနှင့် ရထားသံလမ်းထိန်း ကလစ်များ ခိုးယူခံရ



တောင်တွင်းကြီး ၂၆-၁၂-၂၀၁၇

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေးရွာ မြန်မာ့မီးရထားဘူတာရုံ၏ မြောက်ဘက် မီးရထားမိုင်တိုင် အမှတ်(၂၈၆/၂၈၇)နှင့် တောင်ဘက်မီးရထား မိုင်တိုင်အမှတ် (၂၈၅) အတွင်းရှိ ကွန်ကရစ် ဇလီဖားတုံးနှင့် ရထားသံလမ်းထိန်း ကလစ် ၄ဝဝ ခန့် ဖြုတ်ခိုးယူခြင်းခံရကြောင်း ဆတ်သွားရဲစခန်းမှ သိရသည်။

ဒီဇင်ဘာ ၂၄ ရက် နံနက် ၇ နာရီခန့်က ဒေသခံပြည်သူတစ်ဦးက ရထားသံလမ်းထိန်း ကလစ်များ မတွေ့ရှိတော့ကြောင်း သိရ၍ ချောင်းနက်ဘူတာမှ မီးရထားသံလမ်းလုပ်သားခေါင်း ကိုနိုင်ဦးကို အသိပေးခဲ့ကြောင်း၊ အဆိုပါ သံလမ်းလုပ်သားခေါင်းက မီးရထားဌာနလမ်းဗိုလ်လေး ကိုထွန်းဇော်ဦးနှင့် အုပ်ချုပ်ရေးမှူး ဦးပါလေးတို့ကို ဆက်လက်အသိပေးခဲ့ပြီး မီးရထားသံလမ်းထိန်း ကလစ်များ ဖြုတ်ခိုးယူသူများကို ဖမ်းဆီးအရေးယူနိုင်ရန် ချောင်းနက်ဘူတာမှတာဝန်ရှိသူများနှင့်အတူ ဆတ်သွားတိုက်နယ် ရဲတပ်ဖွဲ့စခန်းသို့ သွားရောက် သတင်းပေးတိုင်ကြား ထားကြောင်း သိရသည်။

ယခု ပျောက်ဆုံးသွားသော ကလစ်များအစား ကလစ် ၁၅ဝ ခန့်အစားထိုး တပ်ဆင်ပြီးဖြစ်ကြောင်း၊ တောင်တွင်းကြီး-ချောင်းနက် ရထားလမ်းသည် နေ့စဉ်လူစီး ရထားတွဲများ ဖြတ်သန်းမောင်းနှင် နေပြီး တစ်နာရီမိုင် ၄ဝ နှုန်းဖြင့်မောင်းနှင်သည့် လမ်းပိုင်းဖြစ်ကြောင်း မီးရထားဝန်ထမ်းတစ်ဦးက ပြောပြ၍ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မီးရထားသံလမ်းမှ ပျောက်ဆုံး ပစ္စည်းများနှင့် ခိုးယူသူများကို အမြန်ဆုံးဖမ်းဆီးရမိ ရေးအတွက် ဆတ်သွားရဲစခန်းက (ပ)၁၉၄/၂ဝ၁၇ ရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေပုဒ်မ-၈၄အရ အမှုရေးဖွင့်ဆောင်ရွက်ထားရှိပြီး အမှုကို ဆတ်သွားရဲစခန်းမှ ဒုတိယရဲအုပ်ချစ်စိုးမင်းက ဆက်လက်စစ်ဆေးဆောင်ရွက် နေကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger