www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 21, 2017

အမျိုးသားသွေးဌာန၌ ယခုနှစ်ကုန်အထိ သွေးအိတ်ပေါင်း တစ်သိန်းခွဲခန့် လိုအပ်နေ



ရန်ကုန် ၂၁-၁၂-၂၀၁၇

ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန အတွက် ၂ဝ၁၇ ခုနှစ် နှစ်ကုန်အထိ သွေးအိတ်ပေါင်း တစ်သိန်းခွဲခန့် လိုအပ်မည်ဖြစ်ကြောင်း အမျိုးသားသွေးဌာန၏ တာဝန်ခံဒေါက်တာ သီတာအောင်ထံမှ သိရသည်။

အဆိုပါ အမျိုးသား သွေးဌာနအတွက် ၂ဝ၁၆ ခုနှစ်က သွေးအိတ်ပေါင်း တစ်သိန်းသုံးသောင်းခန့် လိုအပ်ခဲ့ပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် သွေးအိတ်ပေါင်း တစ်သိန်းခွဲခန့် လိုအပ်နေသဖြင့် ယခုနှစ်တွင် သွေးအိတ် လိုအပ်မှုသည် ပိုမိုများပြားခဲ့ကြောင်း သိရသည်။ သွေးလိုအပ်ချက်ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိပြီး လူနာများကိုယ်တိုင် သွေးရှာရသည့် အခြေအနေမျိုး မဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

ယခင်က အမျိုးသားသွေးဌာန၌ စေတနာရှင် သွေးလှူရှင်များ ထံမှရရှိထားသည့် သွေးဖြင့် ပံ့ပိုးမှုသည် ၃၅ ရာခိုင်နှုန်းခန့်သာရှိပြီး ကျန် ၆၅ ရာခိုင်နှုန်းသည် လူနာရှင်က ရှာဖွေရကြောင်း၊ ၂ဝ၁၇ ခုနှစ်မတ်လမှ နိုဝင်ဘာလအထိ အစိုးရဆေးရုံပေါင်း ၁၄ ရုံသို့ စေတနာရှင်သွေးလှူရှင်များ၏ သွေးဖြင့်သာ ပံ့ပိုးပေးနေကြောင်း၊ အသင်းအဖွဲ့များက လာရောက် သွေးလှူဒါန်းမှုများပြား ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် သွေးလိုအပ်ချက်များ လာသည့်အတွက် သွေးလှူရှင်များကို ဖိတ်ခေါ်လျက်ရှိပြီး သွေးအိတ်ရှာဖွေမှုများ ဆောင်ရွက်နေကြောင်းနှင့် အမျိုးသားသွေးဌာနသို့ လာရောက်လှူဒါန်းသော အလှူရှင်များ၏သွေးများကို အမျိုးသားသွေးဌာနမှ စက်ကိရိယာများဖြင့် စစ်ဆေးပြီး လူနာများအား ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိ လိုအပ်သော သွေးအိတ်ပမာဏ ပြည့်မီစေရန် အမျိုးသားသွေးဌာန၌ တစ်လလျှင် သွေးလှူရှင်ပေါင်း ခုနစ်ထောင်ခန့် လာရောက်လှူဒါန်းရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger