www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 2, 2017

(၇) ကြိမ်မြောက် ငွေကျပ် ၅ဝဝ တန် အောင်ဘာလေထီ ဖွင့်ပွဲတွင်ဆုမဲပေါင်း တစ်သိန်းနှစ်သောင်းကျော် ချီးမြှင်



ချမ်းမြရွှေပြည်ကားကြီးကွင်းကို တွေ့ရစဉ်။

မန္တလေး ၂-၁၀-၂၀၁၇

မန္တလေးမြို့ရှိ ကားကြီးကွင်းများ၌ မိုးရွာသွန်းတိုင်း ရေလျှံ၍ သွားလာရ ခက်ခဲနေမှုကြောင့်လာမည့် ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဦးကျော်ဇောအောင်က ပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် နှစ်စဉ်မိုးဥတု ရောက်ရှိတိုင်း အဝေးပြေးကားကြီးကွင်းများ အတွင်း၌ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ၎င်းကားကြီးကွင်းများ အတွင်း ခရီးသည်များနှင့် အဝေးပြေးကားများ ဝင်ထွက်သွားလာရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ ၎င်းရေလျှံမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် လာမည့်ဘဏ္ဍာနှစ်တွင် မန္တလေးမြို့ရှိ ကားကြီးကွင်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ မန္တလေးမြို့ရှိ ကားကြီးကွင်းများထဲမှ ချမ်းမြရွှေပြည်ကားကြီးကွင်း အတွင်းလမ်းများသည်လည်း ကောင်းမွန်မှုမရှိသည့် အပြင် ဂိတ်ခန်းများရှေ့ကားရပ်နားရန် နေရာသည်လည်း ညီညာမှုမရှိခြင်းကြောင့် ထြိုပဿနာ များကိုဖြေရှင်း ပေးနိုင်ရန်အတွက် ကားကြီးကွင်းများ အတွင်းကွန်ကရစ်လမ်းများ ခင်းကျင်းပေးသွားမည့်အပြင် နှစ်စဉ် မိုးရွာသွန်းမှုကြောင့် ရေလျှံခြင်းမဖြစ်ပေါ် စေရေးအတွက် ၎င်းကားကြီးကွင်းအနီးတစ်ဝိုက်ရှိ ရေထုတ်မြောင်းများ ကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင်းမှ နယ်ဝေးဒေသများသို့ ပြေးဆွဲပေးနေသည့် မဟာအောင်မြေ ကားကြီးကွင်း၊ ချမ်းမြရွှေပြည်ကားကြီးကွင်း၊ ပြည်ကြီးမျက်ရှင် ကားကြီးကွင်း၊ ဒေါနဘွားကားကြီးကွင်း၊ သီရိမန္တလာကားကြီးကွင်း တို့မှနေ့စဉ်ခရီးသည် များကို ပို့ဆောင်ပေးလျက်ရှိရာ ၎င်းကားကြီးကွင်းများကို လာမည့်ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ရန် ယခုအခါ တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံတင်ပြ ထားကြောင်း သိရသည်။

ထို့ပြင် မကြာသေးမီကမှ သီရိမန္တလာ ကားကြီးအတွင်း၌ ပြေးဆွဲနေသည့် ကချင်ပြည်နယ်လိုင်းများကို ဒေါနဘွားကားကြီး ကွင်းအတွင်းသို့ ရွှေ့ပြောင်းခဲ့ပြီး ဒေါနဘွားကားကြီးကွင်းကိုလည်း ယခုလက်ရှိ မြေသားလမ်းအစားရေ မဝပ်နိုင်မည့် ကွန်ကရစ်လမ်း ခင်းကျင်းပေးလျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger