www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 9, 2017

ဖြူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းတွင် ယာဉ်ငယ်တစ်စီးရှေ့ဘီးပေါက်ပြီး လမ်းဘေးထိုးကျမှုဖြစ်ပွား



ဖြူး ၉-၁၀-၂၀၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းတွင် အောက်တိုဘာ ၇ရက် မွန်းလွဲ ၁နာရီခန့်က ယာဉ်ငယ်တစ်စီး ရှေ့ဘီးပေါက်သွားရာမှ လမ်းလယ် ကပ်တုံးကိုတိုက်မိပြီး လမ်းဘေးသို့ ထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြူးအမြန်လမ်း ရဲစခန်းမှ ဒုတိယရဲမှူး ထွန်းထွန်းဦးနှင့်အဖွဲ့သည် ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး သိန်းထွန်း ဦးစီးအဖွဲ့၊အရေးပေါ် ကျန်းမာရေးစောင့် ရှောက်ရေး အဖွဲ့နှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ရန်ကုန်မှ နေပြည်တော်ဘက်သို့ သောင်းထွန်းဦး အောင်မင်္ဂလာ အဝေးပြေးဝင်း မင်္ဂလာဒုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာသော DD/---- တိုယိုတာကိုရိုလာယာဉ်သည် မိုင်တိုင် ၁ဝ၈/၁ အနီးအရောက်တွင် ရှေ့ဝဲဘက်ဘီးပေါက်သွားရာမှ လမ်းလယ်ကျွန်းကပ်တုံး ကိုတိုက်မိပြီး လမ်းလယ်ကျွန်း အတွင်းရှိ မြောင်းထဲသို့ထိုးကျ သွားခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာ သောယာဉ်မောင်း အပါအဝင်အမျိုးသား သုံးဦး၊ အမျိုးသမီးသုံးဦးတို့ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း သောင်းထွန်းဦးကို ဖြူးအမြန်လမ်းရဲစခန်းက ယာဉ်(ပ) ၂၄/၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger