www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 11, 2017

မြန်မာ့လက်မှု အနုပညာပစ္စည်း ၁၁ မျိုးကိုပေါင်းစပ်၍ အမှတ်တရလက်ဆောင် ပစ္စည်းအုပ်စုအဖြစ် ဖွံ့ ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်



ရန်ကုန် ၁၁-၁၀-၂၀၁၇

မြန်မာ့လက်မှု အနုပညာပစ္စည်း ကဏ္ဍမှလက်မှု အနုပညာပစ္စည်း ၁၁ မျိုးကိုပေါင်းစပ်၍ အမှတ်တရ လက်ဆောင်ပစ္စည်း အုပ်စုတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တို့က ကျင်းပသည့် မြန်မာ့လက်မှု အနုပညာပစ္စည်းကဏ္ဍ၊ ပို့ကုန်မဟာ ဗျူဟာရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသတင်းများအရ သိရသည်။

မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့အနေဖြင့် ပို့ကုန်မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy -NES) ကို ဦးစားပေးကဏ္ဍခုနစ်ခု နှင့်အထောက်အကူပြုကဏ္ဍ လေးခုအပါအဝင် စုစုပေါင်းကဏ္ဍ ၁၁ခုတို့ကို ၂ဝ၁၅ခုနှစ်မှ ၂ဝ၁၉ခုနှစ်ထိငါးနှစ် စီမံကိန်းသတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ အလားအလာရှိသော ကဏ္ဍအသစ် ငါးခုအဖြစ် လယ်ယာထွက်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ လက်မှု အနုပညာပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်စီးပွားရေး လုပ်ငန်းကဏ္ဍတို့ကို အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ထပ်မံထည့်သွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ မြန်မာ့လက်မှုအနုပညာ အသင်းကိုလည်းဖွဲ့စည်းထား ပြီးဖြစ်၍ သစ်လက်မှုအနုပညာ ပစ္စည်းနှင့်ပန်းပု၊ ဝါး၊ကြိမ်နှင့်ဗေဒါ၊ ငွေ၊ကြေး၊ ယွန်း၊ကနုကမာ၊ ကြွေ၊မြေ၊ ကျောက်စိမ်း၊ ရွှေချည်ထိုးရိုးရာထည်ဟူသော ၁၁မျိုးကို ပေါင်းစပ်ကာအမှတ်တရ လက်ဆောင်ပစ္စည်း အုပ်စုတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက် ကြမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger