www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 9, 2017

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က စက်မှုတွင်းထွက် ကုန်ကြမ်းနှင့် သတ္တုထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာခဲ့



နေပြည်တော် ၉-၁၀-၂၀၁၇

ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က စက်မှုတွင်းထွက် ကုန်ကြမ်းနှင့် ရွှေမှအပကျန်သည့် သတ္တုထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်လာခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယခင်နှစ်က သတ္တုထုတ်လုပ်သည့် လုပ်ငန်းများ တိုးတက်လာခဲ့ သော်လည်း ရွှေစင်၊ ကျောက်မျက်နှင့် ကျောက်စိမ်း ထုတ်လုပ်မှု လုပ်ငန်းများမှာ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းများမှ ဝင်ငွေကျပ်သန်း လေးသိန်းကျော် ရရှိခဲ့သော်လည်း ရွှေစင်၊ ကျောက်မျက်နှင့် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများမှ ငွေကျပ် သန်းနှစ်သိန်း ရှစ်သောင်းကျော်သာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ကမ်းလွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းများမှ အမေရိကန် ဒေါ်လာ၂၇၄၃ ဒသမ ဝ၄သန်းရရှိခဲ့သည်။ အဆိုပါသဘာဝ သယံဇာတများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုများ လွဲမှားခဲ့လျှင် အများပြည်သူ အနေဖြင့်အကျိုး ခံစားခွင့်များရရှိမည် မဟုတ်ဘဲ သယံဇာတတူးဖော်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လက်လုပ်လက်စား ဆင်းရဲသား ပြည်သူများဥပဒေနှင့်အညီ ဝမ်းစာရှာဖွေနိုင်ရေး အတွက်လည်းထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ သယံဇာတတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ယန္တရားစက်ကြီးများစွာဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။ထို့ကြောင့် ဖားကန့်ကျောက်မျက် တူးဖော်ရေးလုပ်ငန်းများ၏ ယာဉ်ယန္တရားများကို ပြန်လည်စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိသည်။

ထိုသို့ဆောင်ရွက် ရာတွင်ယာဉ် အမျိုးအစားအလိုက် တန်ချိန်နှင့် အရေအတွက်အပါအဝင် အသုံးပြုသည့် လုပ်ကွက် အရေအတွက်များကို စာရင်းကောက်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger