မန္တလေး ၃၀-၁၀-၂၀၁၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်နှင့် Pocari Sweat တို့ ပူးပေါင်းကျင်းပသည့် မန္တလေးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီး ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံးရှေ့တာလွှတ်သည့် မုခ်ဦးရှေ့၌ ကျင်းပသည်။
ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြိုင်ပွဲကို သေနတ်ပစ်ဖောက် တာလွှတ်ပေးသည်။ ပြိုင်ပွဲတွင် မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးမြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများပါဝင် ယှဉ်ပြိုင်ကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပထမ၊ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော စက်ဘီးစီး အားကစားသမားများအား ဆုများပေးအပ်ကြကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment