www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 17, 2017

ယခုလတွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းအတွက် ကျေးရွာတစ်ရွာ ထပ်မံတိုးချဲ့



စစ်ကိုင်း ၁၇-၁၀-၂၀၁၇

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာအစီအစဉ်) နှင့် သစ်တောဦးစီး ဌာနတို့ပူးပေါင်း၍ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အင်တောင်းကျေးရွာကို ယခုလအတွင်း ထပ်မံတိုးချဲ့ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ Ecotourism Manager ဦးသန့်ဇင်ထံမှ သိရသည်။

ဧရာဝတီလင်းပိုင်များကို ကျေးရွာလူထုနှင့် ပူးပေါင်း၍ မန္တလေးတိုင်း ဒေသကြီးရှိ ဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုံး၊ စည်းသည်၊ မြေစွန်းနှင့် မြစ်ကမ်းကြီး စသည့်ကျေးရွာတို့၌ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖြင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက် လျက်ရှိရာမှ ကျေးရွာတစ်ရွာ ထပ်မံတိုးခြင်းဖြစ်ပြီး လာမည့်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွာသစ်ကိုလည်း ထပ်မံတိုးချဲ့မည်ဖြစ်သည်။

''ဧရာဝတီလင်းပိုင်ကို ကျေးရွာလူထုနဲ့ ပူးပေါင်းထိန်းသိမ်းနိုင်အောင် ကော်မတီဖွဲ့ထားတာ။ အဓိကကတော့ ကျေးရွာမှာ အလုပ်အကိုင်အခွင့်အလမ်း လည်းရမယ်။ ဝင်ငွေလည်းရမယ်။ ဧရာဝတီလင်းပိုင်တွေ အပေါ်မှာလည်း ပိုပြီးတော့ထိန်းသိမ်းနိုင်အောင်၊ နောက်ပြီး လင်းပိုင်တွေအပေါ် ကျရောက်နေတဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေ လျော့ကျသွားအောင်လို့ ရွာသူရွာသားတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးလိုက်ရင် ဧရာဝတီလင်းပိုင် တွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေလည်း လျော့နည်းသွားမှာပါ'' ဟု ဦးသန့်ဇင်က ပြောသည်။

ဧရာဝတီလင်းပိုင်များကို ပိုမိုထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိရာ ကျေးရွာခုနစ်ရွာ၌ လင်းပိုင်ထိန်းသိမ်းမှု လိုက်ပြရေးအဖွဲ့၊ ထမင်းချက်အဖွဲ့၊ ကျေးရွာဧည့်လမ်းညွှန်အဖွဲ့နှင့် နွားလှည်းပို့ဆောင်ရေး စသည်ဖြင့် အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ် ဖေဖော်ဝါရီလ လင်းပိုင်စစ်တမ်း ကောက်ယူမှုစာရင်းအရ မန္တလေးမှ ဗန်းမော်အထိ လင်းပိုင်အကောင်ရေ ၆၉ ကောင်ရှိကြောင်းနှင့် လက်ရှိတွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းမှုဧရိယာသည် မင်းကွန်းမှ ကျောက်မြောင်း အထိဖြစ်ပြီး ၇၄ ကီလိုမီတာရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger