www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 11, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးနှင့် မင်္ဂလာဒုံတပ်မတော် ဆေးရုံကြီးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မင်္ဂလာဒုံ တပ်မတော်ဆေးရုံကြီးရှိ ခွဲစိတ်ကုသဆောင်၌ ရှေ့တန်းစစ်ဆင်ရေးတာဝန် ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ တစ်ဦးကိုအားပေးစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တပ်မတော် အသည်းရောဂါအထူးကု ဆေးရုံကြီးအတွင်း ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၁၁-၁၀-၂၀၁၇

အသည်းနှင့် ပတ်သက်သည့် ရောဂါများဖြစ်ပွားမှုနှင့် ရောဂါဝေဒနာရှင်များအား ဆေးဝါးကုသမှုများအပေါ် စနစ်တကျ သုတေသနပြု လေ့လာခြင်းဖြင့် တပ်မတော်သားများ၊ မိသားစုဝင်များအတွက် သာမကနိုင်ငံသူနိုင်ငံသားများ အတွက်ပါ အသည်းရောဂါကုသမှုအတွက် များစွာအကျိုးရှိနိုင်ကြောင်း၊ အသည်းရောဂါများနှင့်ပတ်သက်၍ အထူးအားထားရသည့် ဆေးရုံတစ်ခုအဖြစ် ၀ိုင်းဝန်းကြိုးစား အားထုတ်လုပ်ဆောင်သွားရမည်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အသည်း ရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်အသည်း ရောဂါအထူးကုဆေးရုံကြီးသို့ ရောက်ရှိကြရာ တပ်မှူးရုံးခန်း၌ တပ်မှူးက ဆေးရုံ၏ ပါရဂူ၊ ဆရာဝန်၊ သူနာပြုနှင့် စစ်သည်ဝန်ထမ်းများ ဖွဲ့စည်းထားရှိမှု၊ အသည်းရောင်(ဘီ)ရောဂါ၊ အသည်းရောင်(စီ)ရောဂါ၊ အသည်းနှင့်ပတ်သက်သည့် ကင်ဆာရောဂါများ၊ HIV ရောဂါများအား ထိရောက်စွာ ကုသပေးနိုင်မှုအခြေအနေများနှင့် အုပ်ချုပ်မှုဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အသည်းရောဂါများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအတွက် ဆေးစစ်ဆေးမှု၊ ရောဂါဝေဒနာရှင်များအား ဆေးဝါးကုသမှုနှင့်ပတ်သက်၍ လိုအပ်ချက် များအား ဖြည့်ဆည်းပေးပြီး အသည်းရောဂါဆိုင်ရာ ပညာပေးဆောင်းပါးများ၊ သတိပေးချက်များအား ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ်သတင်းစာများမှ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း ဖော်ပြပေးရန်တို့အား မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှုခံယူလျက်ရှိသည့် စစ်သည်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသပေးနေမှုများ၊ ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီးလိုက်လံမေးမြန်းကာ အားပေးစကားများပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီးအတွင်းရှိ အထူးကြပ်မတ်ကုသခန်း၊ ဓာတ်မှန်ဌာန၊ သွေးရောဂါဗေဒဌာန၊ Immunology Section တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအပေါ် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာဒုံ တပ်မတော်ဆေးရုံကြီးသို့ ရောက်ရှိကြပြီး ခွဲစိတ်ကုသဆောင်၌ ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံမေးမြန်း၍ အားပေးစကားများ ပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger