www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 6, 2017

ရွှေတိဂုံစေတီတော်ရှိ နောင်တော်ကြီးစေတီနှင့် အရံစေတီများ ရွှေသင်္ကန်းကပ်လှူမည်



ရန်ကုန် ၆-၉-၂၀၁၇

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် မြောက်ဘက် စောင်းတန်းအနီးရှိ နောင်တော်ကြီး စေတီနှင့် ရင်ပြင်တော်ပေါ်ရှိ အရံစေတီများအား ရွှေသင်္ကန်းကပ်လှူရန် စီစဉ်ထားကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

''ဒီလထဲမှာ ငြမ်းဆင်တာတွေ ဆောင်ရွက်မှာပါ။ ရွှေတိဂုံစေတီတော်ကြီးကို လာမယ့်နှစ်မှာ ရွှေသင်္ကန်းကပ်လှူမှာပါ'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ ကပြောသည်။

စက်တင်ဘာ ၂၈ ရက်မှစ၍ ငြမ်းဆင်ခြင်း လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်တွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းများ လုပ်ဆောင်မည်ဖြစ်သည်။

ရွှေသင်္ကန်းကပ်လှူရာတွင် နောင်တော်ကြီးစေတီ၊ ရင်ပြင်တော်ပေါ်ရှိ အရံစေတီ၂၄ ဆူနှင့် အထက်ပစ္စယာရှိ စေတီ ၆၈ ဆူတို့အား ဆက်ကပ်လှူဒါန်းမည် ဖြစ်သည်။ ရွှေတိဂုံစေတီတော်ကြီးအား လုံးတော်ပြည့်ရွှေ သင်္ကန်း ကပ်လှူမှုကို ငါးနှစ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိပြီး ရွှေတိဂုံ စေတီတော် ရွှေသင်္ကန်း မကပ်လှူမီ နောင်တော်ကြီးစေတီနှင့် အရံစေတီများအား ရှေးဦးစွာရွှေသင်္ကန်း ကပ်လှူလေ့ရှိသည်။

ရွှေတိဂုံစေတီတော်ကြီးသို့ ပြည်တွင်းပြည်ပမှ ဘုရားဖူးခရီးသည်များစွာ လာရောက် ဖူးမြော်စဉ် အလှူငွေများ လှူဒါန်းရာတွင် ပြည်တွင်းမှ စေတနာရှင် အလှူရှင်များက ရွှေသင်္ကန်းကပ်လှူရန် အလှူခံပုံးများ၌ အလှူငွေထည့်သွင်း လှူဒါန်းလေ့ရှိကြသည့်အပြင် အလှူငွေဖြတ်ပိုင်းဖြင့်လည်း တစ်ဦးချင်း လှူဒါန်းလေ့ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger