www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 3, 2017

မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံနည်းပညာဖြင့် လေအိတ်လူစီးရထားတွဲ ပထမဆုံးထုတ်လုပ်မည့်စက်ရုံ တည်ဆောက်နေမှု ၆၄ ရာခိုင်နှုန်းပြီးစီး



မြစ်ငယ် ၃-၇-၂၀၁၇

မြစ်ငယ်မြို့တွင် တည်ဆောက် လျက်ရှိသော မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံ နည်းပညာဖြင့် ပထမဆုံး ထုတ်လုပ်မည့် လေအိတ်လူစီး ရထားတွဲစက်ရုံ တည်ဆောက်နေမှု ဇူလိုင် ၁ ရက်ထိ ၆၄ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ စက်ရုံဆောက်လုပ်ရေး တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ပြောပြ၍ သိရသည်။

အဆိုပါ အဆင့်မြင့်လေအိတ် လူစီးရထားတွဲစက်ရုံကို တရုတ်နိုင်ငံနှင့် မြန်မာ့မီးရထားတို့ပူးပေါင်း ဆောင်ရွက်တည်ဆောက်ခြင်း ဖြစ်ပြီး စက်ရုံတည်ဆောက်ပြီးပါက တစ်လလျှင် တွဲဆိုင်း ၁ဝတွဲခန့် ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း၎င်းက ပြောပြသည်။

ပထမဆုံးအနေဖြင့် အဆင့်မြင့် လေအိတ်လူစီး ရထားတွဲဆိုင်းများကို ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်-မုတ္တမ၊ရန်ကုန်-ပြည် စသည့်မီးရထား လမ်းပိုင်းရှိ တွဲဆိုင်းအဟောင်းနေရာ များတွင် အဓိကဦးစားပေးလဲလှယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ယခုလက်ရှိ မောင်းနှင်နေသော မီးရထားတွဲဆိုင်းများသည် တစ်နာရီလျှင် ကီလိုမီတာ ၇ဝ ခန့်သာ မောင်းနှင်နိုင်ပြီး အဆိုပါအဆင့်မြင့် လေအိတ်လူစီးရထား တွဲဆိုင်းများသည် တစ်နာရီလျှင် ကီလိုမီတာ၁၂ဝထိ မောင်းနှင်နိုင်ကြောင်း သိရသည်။

''အောက်ခံ စပရင်နဲ့ဆိုတော့ ရထားမောင်းတဲ့အချိန်မှာဆို ခုန်တာက သိသာတယ်။ လေအိတ်နဲ့ဆိုတော့ စီးနင်းသူတွေအတွက် အရင်စပရင်လို သိပ်မခုန်တော့ဘူး။ စီးရတာ သက်သောင့်သက်သာရှိပါတယ်''ဟု တာဝန်ခံအင်ဂျင်နီယာ တစ်ဦးက ဆက်လက်ပြောပြသည်။

အဆိုပါအဆင့်မြင့် လေအိတ်လူစီးရထားတွဲ စက်ရုံကို ၂ဝ၁၅ခုနှစ် ဇွန်လက စတင်ဆောက်လုပ်ခဲ့ပြီး ယခုနှစ်နိုဝင်ဘာလတွင် စက်ရုံစတင်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger