နေပြည်တော် ၇-၆-၂၀၁၇
စက်မှုဝန်ကြီးဌာနပိုင်စက်ရုံ (၁ဝ)ရုံတွင် ဆိုလာနည်းပညာများဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပိုလျှံစွမ်းအင်ကို ဒေသတွင်းပြည်သူများ အတွက်ဈေးနှုန်း ချိုသာစွာဖြင့် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန သတင်းများအရ သိရသည်။
ထို့ကြောင့် လျှပ်စစ် Cableများ ထုတ်လုပ်နိုင်ရေးအတွက် မြေနေရာရရှိရေး လိုအပ်ချက်များနှင့် ထုတ်လုပ်မှုဆိုင်ရာများကို ညှိနှိုင်းဆောင်ရွက် လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် PPP စနစ်ဖြင့် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန အမှတ်(၂) အကြီးစားစက်မှု လုပ်ငန်းအနေဖြင့် နိုင်ငံတော်၏ လိုအပ်ချက်အရ စက်နှင့်စက် ကိရိယာများ၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းများ၊ ရေအား လျှပ်စစ်တာဘိုင်များ၊ ဂျင်နရေတာများ၊ ဘွိုင်လာများ၊ဘိလပ်မြေ၊ မီးခံအုတ်၊ ကြွေထည် ပစ္စည်းအမျိုးမျိုး၊ ဗို့အားမြှင့် ကြွေသီးအမျိုးမျိုး၊ မှန်များကို ထုတ်လုပ်ပေးနေသည့်အပြင် နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများနှင့် LED မီးသီး၊ မီးလုံးများကို ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment