ရန်ကုန် ၃၀-၆-၂၀၁၇
သီရိလင်္ကာနိုင်ငံ သီရိသံဗောဓိ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဆရာတော် ဓဂ္ဂါရာယာမ ကုသလဓမ္မ ဦးဆောင်သော သံဃာ တော်များ၊ အလှူရှင်များနှင့် ဘုရားဖူး ဧည့်သည်တော်များ၏ ပန်းပေါင်း တစ်သန်းနှင့်ဆီမီးတစ်သောင်း ပူဇော်သည့် ဘာသာရေးပွဲတော်ဆိုင်ရာ အခမ်းအနားကို ယနေ့ညနေ ၄နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင် ပေါ်ရှိ ရာဟုထောင့် ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် သီရိလင်္ကာနိုင်ငံ သီရိသံဗောဓိ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဆရာတော် ဓဂ္ဂါရာယာမ ကုသ လဓမ္မနှင့် ဆရာတော်များထံမှ ဂေါပက အဖွဲ့ဝင်များနှင့် သီရိလင်္ကာ နိုင်ငံမှ အလှူရှင်များနှင့် ဘုရားဖူး ဧည့်သည်တော်များက သီလနာယူကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ဝင် ဦးသောင်းထိုက်က သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ များဖြစ်သည်နှင့်အညီ ရှေးအစဉ်အဆက်ကပင် ဘာသာရေးဆိုင်ရာ ချစ်ခင်ရင်းနှီး ဆက်ဆံမှုများ ရှိခဲ့ကြကြောင်း၊ ထေရဝါဒဗုဒ္ဓ ဘာသာ၏အခြေခံ ပိဋကတ်သုံးပုံသည်လည်း သီရိလင်္ကာနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊ ရွှေတိဂုံစေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်သည် သီရိ လင်္ကာနိုင်ငံ အနုရဓပူရမြို့ဟောင်း မဟာဗောဓိပင်၏ညောင်သီးမှ မယ်ဒက်ဆရာတော်ကြီး ယူဆောင်စိုက် ပျိုးခဲ့သော ဗောဓိ ညောင်ပင်ဖြစ်ကြောင်း၊ ၂ဝဝ၉ ခုနှစ် ဇွန် ၁၅ ရက်တွင် သီရိလင်္ကာ သမ္မတ(ဟောင်း) မဟင်္ဒြာနှင့် ဇနီးတို့ မြန်မာရှင်သာမဏေ ၃ဝ ပါးနှင့် သီလရှင် ၃ဝပါးတို့ကို သာသနာ့ ဘောင်သို့ ချီးမြှောက်သော အခမ်း အနားကို ရွှေတိဂုံ စေတီတော်ရင်ပြင် ယခုနေရာ၌ပင် ဆောင်ရွက်ခဲ့ကြောင်း ဇယျမင်္ဂလာ ထောပနာစာတမ်းကို ဖတ်ကြား သည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြပြီး သီရိ လင်္ကာ နိုင်ငံ သီရိသံဗောဓိ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များ၊ အလှူရှင်များနှင့် ဘုရားဖူး ဧည့်သည်တော်များသည် ရွှေတိဂုံစေတီရင်ပြင်၌ ပန်း ပေါင်းတစ်သန်းနှင့် ဆီမီးတစ်သောင်းတို့အား ပူဇော် ခဲ့ကြကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment