ရန်ကုန် ၂၉-၅-၂၀၁၇
ကုန်သေတ္တာတင် မော်တော်ယာဉ် ယာဉ်မောင်းများ အရေးယူခံရပါက ယာဉ်ပိုင်ရှင်ကိုပါ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး ကုန်သေတ္တာတင် ယာဉ်မောင်းများကို အရက်သေစာ သောက်စားမောင်းနှင် မှုရှိ၊ မရှိကို Alcohol Tester နှင့် တိုင်းတာစစ်ဆေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏သတင်းများအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ မတ်လထိ သုံးလတာကာလအတွင်း မော်တော်ယာဉ်တိုက်မှု ၅၉၈မှု ဖြစ်ပွားခဲ့ရာ ကုန်သေတ္တာတင် မော်တော်ယာဉ်တိုက်မှု ၁၉မှုပါဝင်ခဲ့သဖြင့် ကုန်သေတ္တာတင်မော်တော်ယာဉ် တိုက်မှုသည် ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၁၇ရာခိုင်နှုန်းထိ ဖြစ်ပွားခဲ့သည်။
အဆိုပါ သုံးလတာကာလ အတွင်းတွင် သတ်မှတ်ချိန်အတွင်း မောင်းနှင်ခြင်းမရှိသည့်ကုန်သေတ္တာတင် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ၃၇မှု ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် အဆိုပါကာလအတွင်းတွင် သတ်မှတ်ယာဉ် မောင်းလိုင်စင်မရှိဘဲ မောင်းနှင်မှု ၃၅မှုကို စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ရသည်။အဆိုပါ ကုန်သေတ္တာတင်မော်တော် ယာဉ်များနှင့်ပတ်သက်၍ ယာဉ်မောင်းများကို ယာဉ်ပိုင်ရှင် များက တာဝန်ယူကြ ရမည်ဖြစ်သည်။
ရန်ကုန်မြို့တွင် မော်တော်ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပေါ် လျက်ရှိရာ အထူးသဖြင့် ကုန်သေတ္တာတင် မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင် နေသည့် ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းတို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment