www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 15, 2017

မဟာမုနိရုပ်ရှင်တော်ရှိ ပြုပြင်ပြီးစီးသည့် လုပ်ငန်းများကို ဖွင့်ပွဲပြုလုပ်မည်



မန္တလေး ၁၅-၅-၂၀၁၇

မန္တလေး မဟာမုနိရုပ်ရှင်တော်ရှိ ပြင်ဆင်ပြုပြင် လျက်ရှိသည့် လုပ်ငန်းများအနက် ပြုပြင်ပြီးစီးသည့် လုပ်ငန်းများကို လာမည့်ဇွန်လ ဆန်းပိုင်းတွင် ဖွင့်ပွဲပြုလုပ်သွားမည် ဖြစ်ကြောင်း မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့မှ သိရသည်။

လက်ရှိ မဟာမုနိရုပ်ရှင်တော်တွင် စောင်းတန်းနှင့် ပြာသာဒ်များ ပြုပြင်ခြင်း၊ ပြတိုက်များပြုပြင်ခြင်း နှင့်သန့်စင်ခန်းများ ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြုပြင်ခြင်းနှင့် အသစ်ဆောက် လုပ်ခြင်းလုပ်ငန်း များလည်း ဆက်လက် ဆောင်ရွက်ရန် ကျန်နေသေးကြောင်း၊ ပြီးစီးသည့် လုပ်ငန်းအချို့ကို ဖွင့်ပွဲပြုလုပ် သွားမည်ဖြစ်ကြောင်း မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးစိုးလင်းက ပြောပြသည်။

''သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ၊ ဌာနတွေ၊ ပညာရှင်တွေ ဖိတ်ခေါ်ပြီး လုပ်သွားပါမယ်။ စွယ်တော်ပြတိုက်လဲ ပြီးစီးပြီ။ CCTV တွေလဲတပ်ဆင် ပြီးပြီ။ သန့်စင်ခန်းလဲ ရှေ့လဆန်းပြီးဖို့ လျာထားတယ်။ လျှပ်စစ်မီး စနစ်လဲ ဆောင်ရွက်နေပါတယ်'' ဟု ၎င်းက ဆက်လက် ပြောပြသည်။

လက်ရှိတွင် မဟာမုနိရုပ်ရှင်တော်ရာ ဟုထောင့်ရှိ သန့်စင်ခန်းကို ကန်ထရိုက် ဆက်မပေးတော့ဘဲ မဟာမုနိရုပ်ရှင်တော် ဝန်ထမ်းများက ဆက်လက်တာဝန်ယူ၍ ဘုရားဖူးများ အတွက်အခမဲ့အဖြစ် သုံးခွင့်ပြု ထားကြောင်း၊ ၎င်းကပ်လျက်ရှိယခင် သန့်စင်ခန်းဟောင်း နေရာတွင် ငွေကျပ်သိန်း ၃ဝဝကျော် ကုန်ကျမည့် နိုင်ငံတကာ အဆင့်မီအခမဲ့ သန့်စင်ခန်းကို ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

မဟာမုနိရုပ်ရှင်တော်ရှိ အရှေ့ ၄၅ တာနှင့်အနောက် ၄၅တာ မြေနေရာတွင် ကားပါကင်၊ ဆိုင်ကယ်ပါကင်၊ Tour Information Center၊ သန့်စင်ခန်း၊ စားသောက် ဆိုင်တန်းများ၊ ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများ ကိုလည်းလာမည့် သြဂုတ်လတွင် စတင်အကောင် အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မဟာမုနိ ရုပ်ရှင်တော် ဂေါပကအဖွဲ့မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger