တပ်မတော် (လေ)မှ လေယာဉ်ဖြင့် ဒေသခံပြည်သူများနှင့် တပ်မတော်သားများအား
ကိုကိုးကျွန်းမြို့သို့ပို့ဆောင်ပေးစဉ်။
နေပြည်တော် ၂၄-၅-၂၀၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်း များနှင့် တပ်မတော်သား မိသားစုဝင်များ သက်သာချောင်ချိ ရေးအတွက် တပ်မတော်မှရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများနှင့် တပ်မတော်သားများ စုစုပေါင်း ၄၂ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများကို တပ်မတော် (လေ) မှစီစဉ်ပေးသော လေယာဉ်ဖြင့် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ ပို့ဆောင်ပေးသည်။
အဆိုပါလေယာဉ်သည် ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများ၊ တပ်မတော်သားများ စုစုပေါင်း ၃၇ ဦးနှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ
ခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment