www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 8, 2017

ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြစ်တွင်း လေ့လာရေးခရီး သွားရောက်


တပ်မတော် (ရေ)မှ စစ်ရေယာဉ်ဖြင့် ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြစ်တွင်း လေ့လာရေးခရီးသွားရောက်ကြစဉ်။

နေပြည်တော် ၈-၅-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သင်ကြား လျက်ရှိသော ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) နှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈ဝ ဦးသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ရေ) စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်တွင်း လေ့လာရေး ခရီးသွား ရောက်ကြသည်။

လေ့လာရေး ခရီးစဉ်အတွင်း သင်တန်းသား၊ သင်တန်းသူများသည် စစ်ရေယာဉ်ပေါ်ရှိ လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာ စနစ်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန် နစ်ဆိုင်ရာ စနစ်များနှင့် ရေယာဉ်လက်တွေ့ ခုတ်မောင်း နေမှုများကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းပြသ ကြသည်။

အလားတူ ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျွန်းစုမြို့၊ ထားဝယ်မြို့နှင့် ဟိန်းဇဲ ဒေသတို့ရှိ ရေကြောင်းလူငယ် စခန်းများ တွင်လည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကာ အခြေခံစစ်ရေးပြ ဘာသာရပ်၊ ရေတပ်သား ဆိုင်ရာသင်ခန်း စာများ လက်တွေ့သင်ကြားခြင်း၊ ရေယာဉ်ပေါ်လက် တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီး သွားရောက်ခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger