နယ်မြေခံတပ်ရင်းမှဆေးကုသရေးအဖွဲ့နှင့် ကျေးလက်ကျန်းမာရေးအဖွဲ့တို့က အစာအဆိပ်သင့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။
နေပြည်တော် ၂၃-၄-၂၀၁၇
တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကြီး ကျေးရွာ၌ ယနေ့နံနက်ပိုင်း တွင်ပြုလုပ်သည့် အိမ်တက်ဆွမ်းကျွေး အလှူတစ်ခုမှ ကျွေးမွေးဧည့်ခံ သောအစား အစာများအား စားသုံးပြီး သံဃာတော် ကိုးပါးနှင့် ဒေသခံပြည်သူ ၂၈ ဦးတို့သည် အစာအဆိပ်သင့်၍ အထက်လန် အောက်လျှော ရောဂါများ ဖြစ်ပွားခဲ့သည်။
အဆိုပါကျေးရွာသို့ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်ရင်းမှ ဆေးကုသရေး အဖွဲ့နှင့်ကျေးလက် ကျန်းမာရေးအဖွဲ့တို့က နံနက် ၁၁ နာရီခွဲမှစတင်၍ သွားရောက်ကုသ ပေးခဲ့ရာ ကျန်းမာရေး ပြန်လည် ကောင်းမွန်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
#Themyawadydaily







No comments:
Post a Comment