www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 28, 2017

သမ္မတ အိုဘားမား၏ ကာဗွန်လျှော့ချရေးဥပဒေကို ဖယ်ရှားပစ်တော့မည့် သမ္မတ ဒေါ်နယ်ထရမ့်


သမ္မတ အိုဘားမား၏ ကာဗွန်လျှော့ချရေးဥပဒေကို ဖယ်ရှားပစ်တော့မည့် သမ္မတ ဒေါ်နယ်ထရမ့်

( ရှိန်းထက် ဘာသာပြန်သည်။ )

ABC သတင်းဌာန၏ This Week မေးမြန်းခန်း အစီအစဉ် အပြီးတွင် ဒေါ်နယ်ထရမ့် အစိုးရ၏ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာသဘော ထားများက ထင်ကြေးများ အတိုင်းထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထရမ့်ကို စစ်ရေးအတွက် အန္တရာယ်ကြီး သူအဖြစ် မြင်ခဲ့ကြ သကဲ့သို့ ကုန်သွယ်ရေး စစ်ပွဲဖန်တီး မည့်သူ အဖြစ်လည်း မြင်ခဲ့ ကြသည်။ ထိုနည်းတူစွာ သဘာဝ ပတ်ဝန်းကျင် အတွက်လည်း ဒုက္ခပေးမည့် သူအဖြစ် မြင်ခဲ့ကြ သူကလည်း များပြားခဲ့သည်။

 ယခုထရမ့်က အိုဘားမား အစိုးရ ချမှတ် ထားခဲ့သည့် ကာဗွန်လျှော့ချရေး အစီအစဉ်ကို ယခုတစ်ပတ် အတွင်း ဖျက်သိမ်းမည်ဟု ဆိုလိုက်ပြီ ဖြစ်သည်။ ကာဗွန် ထုတ်လွှတ်မှုကို လျှော့ချရန် သမ္မတ အိုဘားမားသည် အမေရိကန် ဒေါ်လာသန်း ရာထောင်ချီ အကုန်အကျ ခံကာ ဦးဆောင်ပြီး ရှေ့မှ လုပ်ပြခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ဒုတိယ စီးပွားရေး၊ စစ်ရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်သော တရုတ်ပင် မဖြစ်မနေ သမ္မတ အိုဘားမား၏ ကာဗွန် လျှော့ချရေး အစီအစဉ် နောက်သို့ လိုက်ခဲ့ရသည်။ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေး သဘောတူညီချက် များကို ချမှတ်နိုင်ခဲ့ ကြသည်။

ယခု ထရမ့်က တစ်ကမ္ဘာလုံး အတိုင်းအတာ ကိုကြည့်ပြီး ချမှတ်ခဲ့သည့် သမ္မတ အိုဘားမား ၏သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေကို ဖျက်သိမ်းတော့ မည်ဖြစ်သည်။ စီးပွားရေးဘက်ကို ဇောင်းပေးရေး အတွက်တင်းကျပ် လွန်းနေသည့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေများကို လျှော့ချခြင်း ဖြစ်သည်ဟု ထရမ့်က ပြောသည်။

စီးပွားရေးဘက်ကို ဇောင်းပေးလွန်းလျှင် သဘာဝပတ်ဝန်း ကျင်ဘက်ကို အားနည်းသွားပြီး ထိခိုက်မည် ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် ဘက်ကို ဇောင်းပေးလွန်း ပြန်လျှင်လည်း စီးပွားရေး ဘက်ကိုအားနည်း သွားစေလိမ့် မည်ဟု ထရမ့်က မြင်နေသည်။ ထို့ကြောင့် နှစ်ခုစလုံးကို အလယ်မှနေ၍ တစ်ပြိုင်နက်တည်း လုပ်ရမည်ဟု ထရမ့်က ပြောနေခြင်း ဖြစ်သည်။ မကြာမီ ကျောက်မီးသွေး စက်ရုံများကို ထရမ့်၏ အမိန့်ဖြင့် လည်ပတ်နိုင် တော့မည် ဖြစ်သည်။

 ကျောက်မီးသွေး စက်ရုံများကြောင့် အလုပ် အကိုင်အခွင့် အလမ်းများ ပေါ်ပေါက်လာမည် ဖြစ်ပြီး စွမ်းအင်ကဏ္ဍနှင့် စီးပွားရေး အတွက်လည်း တွက်ခြေကိုက် လာမည်ဖြစ်သည်။ သို့သော် ကျောက်မီးသွေး စက်ရုံများ ကထွက်သည့် ကာဗွန်ဒိုင် အောက်ဆိုက်နှင့် စီးပွားရေး အလုပ်အကိုင်က သဘာဝ ပတ်ဝန်းကျင် အပေါ်သက်ရောက် မှုများနှင့် နှိုင်းယှဉ်လျှင် မေးခွန်း ထုတ်စရာ အများအပြား ရှိနေသေးသည်။ 

အမေရိကန်သည် ဖွံ့ဖြိုးဆဲ ကာလကို ဖြတ်ကျော်ပြီး နောက်ပိုင်းတွင် မိုးခေါင် ရေရှားမှုနှင့် သဘာဝဘေး အန္တရာယ်အများ အပြားကို ခံစားခဲ့ ရဖူးသည်။ စက်မှုဖွံ့ဖြိုး ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များပင် ဖြစ်သည်။ ထို့ကြောင့် အမေရိကန် ဒေါ်လာဘီလီယံ ရာနှင့်ချီ ရှုံးခဲ့ရသည်။ စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်ပြီး ကယ်လီဖိုးနီးယားရှိ ရေအိုင်ကြီးများပင် ရေခန်းရုံတင်မက မြေများမှာ ပပ်ကြားအက် သည်အထိ ဖြစ်ခဲ့ရသည်။

ယခုအချိန်ထိ ထိုနေရာများက ဘယ်လောက်ပင် ပြုပြင်ထိန်းသိမ်းရေး များလုပ်လုပ် သဘာဝအတိုင်း ဖြစ်မလာတော့ပေ။ ထို့ကြောင့် အမေရိကန်အစိုးရ အဆက်ဆက်က သဘာဝပတ်ဝန်းကျင် အပေါ် အာရုံစိုက် ခဲ့သည်။ သမ္မတ အိုဘားမား ကတော့ အမေရိကန် နိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် သမိုင်းတွင် နာမည်အကြီးဆုံး သမ္မတတစ်ဦး ဖြစ်ခဲ့သည်။ သဘာဝပတ်ဝန်းကျင် နှင့်ပတ်သက်သည့် သတ်မှတ်ထားသော နေ့များအားလုံးတွင် သမ္မတ အိုဘားမားက ထိပ်ဆုံးမှ မိန့်ခွန်းပြောပြီး တစ်ခါတစ်ရံတွင် သစ်တောထဲ အထိပင် ရောက်သည့် အခါရောက် နေတတ်သည်။

သမ္မတအိုဘားမား လက်ထက်တွင် အမေရိကန် နိုင်ငံ၏ စီးပွားရေးမှာ ၃ ရာခိုင်နှုန်း အထိပြန်လည် တိုးတက်လာခဲ့ကာ သဘာဝ ပတ်ဝန်းကျင် ဘက်တွင်လည်း အားကောင်း ခဲ့သောကြောင့် ဟန်ချက် ညီသည်ဟု ဆိုနိုင်သည်။ ယခု ထရမ့်ကတော့ အလယ်ကနေ မည်မျှပင် မျှအောင် လုပ်မည် ပြောပြော သဘာဝပတ်ဝန်းကျင် ဘက်ကိုတော့ အလေးလျော့ သွားမည် ဖြစ်သည်။

စစ်ရေးအသုံး စရိတ်ကို ၁ဝ ရာခိုင်နှုန်း ကျော်တိုးမြှင့်ရန် နိုင်ငံခြားရေး အကူအညီ၊ သဘာဝပတ်ဝန်းကျင်နှင့် တခြားစစ်ဘက် မဟုတ်သည့် အရာများကို ရန်ပုံငွေ ဖြတ်တောက် ခဲ့သည်က နမူနာ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ကို အရေးမစိုက် သောကြောင့် ယခုအခါ တရုတ်တို့မှာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များနှင့် သဘာဝဘေး အန္တရာယ်များကို ခံစားနေရ ပြီဖြစ်သည်။

တရုတ်၏ မြို့တော် ပေကျင်းအပါအဝင် ပြည်နယ် ဆယ်နှင့်ချီ၍ WHO ကချမှတ် ထားသည့် လေထုညွှန်းကိန်း များထက် အဆပေါင်း များစွာကျော် လွန်နေသည်။ ထိုသို့ လေထုညစ် ညမ်းမှုကြောင့် ရောဂါဖြစ်ပွားကာ သေဆုံးနေရသူ ဦးရေသည် တရုတ်၌ နှစ်စဉ် သန်းနှင့်ချီ ရှိနေသည်။ အဓိက တရားခံမှာ နိုင်ငံ၏ ၇၅ ရာခိုင်နှုန်းကို စွမ်းအင် လုံလောက်အောင် ထုတ်ပေးနေသည့် ကျောက်မီးသွေး စက်ရုံများကြောင့် ဖြစ်သည်။ 

ယခုထရမ့်က ထိုအဖြစ်များကို သိနေပါလျက်နှင့် ကျောက်မီးသွေး စက်ရုံများ လည်ပတ်မှုကို ပြန်လည် ခွင့်ပြု ပေးတော့မည် ဆိုတော့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း စောင့်ရှောက်ရေး သမားများ ဒေါသထွက် ရတော့သည်။ အလုပ်အကိုင် အခွင့်အလမ်းနှင့် စွမ်းအင်စီးပွားရေး အတွက် သဘာဝ ပတ်ဝန်းကျင်နှင့် ယှဉ်ပြိုင်မှုတော့ မလုပ်သင့်ပေ။ တခြားအလုပ် အကိုင်ကို ဖန်တီးခြင်း ဖြင့်သာ ကျောက်မီးသွေး စက်ရုံ၌ အလုပ်အကိုင် အခွင့်အလမ်း အစားထိုးခြင်းကို ဆောင်ရွက်သင့်သည်။

သို့သော် ထရမ့်က လုပ်မည်ဆိုလျှင် မည်သူမျှ တား၍ရသူ မဟုတ်ပေ။ ပြည်ဝင်ခွင့် ပိတ်ပင်မိန့်နှင့် အိုဘားမားကျန်းမာ ရေးစောင့်ရှောက်မှု အစီအစဉ် အရေးတို့ကို ကြည့်လျှင်ပင် သိနိုင်သည်။ လွှတ်တော် နှစ်ရပ်စလုံးတွင် သူ၏ ရီပတ်ပလီကန် တို့ကသာ ကြီးစိုးနေ သော်လည်း ထိုနှစ်ခုစလုံးကို ထရမ့်က အောင်မြင်အောင် မလုပ်နိုင်ခဲ့ပေ။ ထရမ့်သမ္မတဖြစ်ပြီး သုံးလအတွင်း ကျဆုံးခန်း နှစ်ရပ်ဖြစ်သည်။

ယခုလည်း သမ္မတ အိုဘားမား လုပ်ခဲ့သည့် သဘာဝပတ်ဝန်းကျင် စီမံကိန်းများကို ပြောင်းလဲပစ်နေ ပြန်ပြီဖြစ်သည်။ မည်သူက ကန့်ကွက်ကန့်ကွက်၊ ဆန္ဒပြပြ ထရမ့်ကတော့ သူလုပ်ချင်သည်ကို နည်းနည်းလေးမှ တွန့်ခဲ့သူ မဟုတ်ပေ။ ထို့ကြောင့် ယခု ထရမ့်၏ ဆုံးဖြတ်ချက် သည် ကုလသမဂ္ဂ၏ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု ဆိုင်ရာညီလာခံ COP အစည်း အဝေးပွဲများနှင့် သဘောတူညီချက် များကို ထိခိုက်နိုင်သည့် အတွက် ဝေဖန်မှုများနှင့် ထပ်မံရင်ဆိုင် နေရပါကြောင်း တင်ပြ လိုက်ရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger