www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 22, 2017

မြန်မာနိုင်ငံတွင် ကလေးသူငယ် ဦးရေ ငါးသန်းခန့်မှာ သန့်ရှင်းသော သောက်သုံးရေ ရရှိမှုမရှိသေး



နေပြည်တော် ၊ ၂၂-၂-၂၀၁၇

မြန်မာနိုင်ငံတွင် ကလေးသူငယ် ဦးရေ ငါးသန်း ခန့်မှာ သန့်ရှင်းသော သောက်သုံးရေ ရရှိမှု မရှိ သေးကြောင်း Unicef မြန်မာမှ ရေ၊ တစ်ကိုယ် ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုင်ရာဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင် စာရင်း ကောက်ယူ ရရှိမှု အချက်အလက် များအရ ကျေးလက်ဒေသ များတွင် သန့်ရှင်းသော သောက်သုံးရေရ ရှိမှုနှုန်း မှာ ၂ဝ၁၅ ခုနှစ်ထိ ၆၁ ရာခိုင်နှုန်းသာ လွှမ်းခြုံမှုရှိ ပြီး နိုင်ငံအတွင်းရှိ ကလေးသူ ငယ်ဦးရေ ငါးသန်း ခန့် ရာခိုင်နှုန်း အားဖြင့် ၂၉ ရာခိုင်နှုန်း ခန့်မှာ ပိုမိုသန့်ရှင်း ကောင်းမွန်သည့် သောက်သုံး ရေမရှိ သည့် အိမ်ထောင်စု များတွင် နေထိုင်ကြ ရသဖြင့် သန့်ရှင်း ကောင်းမွန်သည့် သောက်သုံးရေ ရရှိသောက်သုံး နိုင်မှုမရှိ သေးကြောင်း Unicef မြန်မာမှ ရေ၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုင်ရာဌာန၏ လေ့လာ ကောက်ယူ သည့် စာရင်းများအရ သိရသည်။

ထို့ပြင် နိုင်ငံအတွင်း လေးသန်းခန့် ရာခိုင်နှုန်း အားဖြင့် ၂၅ရာခိုင်နှုန်းခန့်ရှိ ကလေးသူငယ် များမှာ အဆင့်မြင့် ကောင်းမွန်စွာ တည်ဆောက် ထားသည့် ယင်လုံ အိမ်သာများကို သုံးစွဲနိုင် ခြင်းမရှိသေးဘဲ ၂ ဒသမ ၃၄ သန်း ခန့် ရာခိုင်နှုန်း အားဖြင့် ၁၄ ရာခိုင်နှုန်းသော ကလေးသူ ငယ်များမှာ ရေလောင်းအိမ်သာ လုံးဝအသုံးပြုမှု မရှိသည့် အိမ်ထောင်စုများ တွင် နေထိုင် နေကြရကာ ရေလောင်းအိမ်သာ သုံးစွဲနိုင် ခြင်းမရှိသေး ကြောင်း သိရသည်။ 

''မြန်မာတစ် နိုင်ငံလုံးမှာ အိမ်ထောင် စုပေါင်း ၇၄ရာခိုင်နှုန်းက ကောင်းမွန်တဲ့  ရေနှင့်မိလ္လာ စနစ်ကို သုံးစွဲနိုင်ပေမယ့် ကျေးလက်ဒေသ တွေမှာ အများအားဖြင့် တောထိုင် တဲ့ဓလေ့က မပျောက်ကြ သေးပါဘူး။ ဒီတောထိုင်တဲ့ ဓလေ့တွေ ပျောက်သွားအောင် သက်ဆိုင်ရာ ဝန်ကြီးဌာန တွေနဲ့ပူးပေါင်းပြီး ကူညီဆောင် ရွက်သွားမှာပါ'' ဟု Unicef  မြန်မာမှ ရေ၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်း ကျင်သန့်ရှင်းရေး ဆိုင်ရာဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောပြသည်။

မြန်မာ နိုင်ငံတွင် သန့်ရှင်းသော သောက်သုံး ရေရရှိ သုံးစွဲနိုင်မှုမှာ ကျေးလက်ဒေသ များတွင် အားနည်း မှုများရှိနေ ပြီး လက်ရှိ တစ်နိုင်ငံ လုံးတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိမှုမှာ ၆၁ရာခိုင်နှုန်း သာရှိ၍ လက်ရှိရေး ဆွဲထား သည့် မဟာဗျူဟာ နှင့် ရင်းနှီးမြှုပ်နှံ မှုအစီ အစဉ်အရ မြန်မာနိုင်ငံ အတွင်း လာမည့် ၂ဝ၂ဝပြည့်နှစ် တွင် သောက်သုံး ရေရရှိမှု ၇ဝရာခိုင်နှုန်း၊ ၂ဝ၂၅ခုနှစ် တွင် ၈၅ရာခိုင် နှုန်းနှင့် ၂ဝ၃ဝပြည့်နစ် တွင် သန့်ရှင်း ကောင်းမွန် သည့် သောက်သုံး ရေ ရရှိမှု ရာ နှုန်း ပြည့်မီရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger