www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 22, 2017

ကျန်းမာရေး အကျိုး အာနိသင် များစွာပါ ၀င်သည်ဟု ယုံကြည် ကာ ပယင်းကျောက် ၀တ်ဆင်မှု ပိုမိုများ ပြားလာ




မကွေး ၊ ၂၂-၂-၂၀၁၇

ကျန်းမာရေး အတွက် အကျိုး အာနိသင် များစွာပါဝင်သည်ဟု ယုံကြည်ကာ ပယင်းကျောက် ဝတ်ဆင်မှု ပိုမိုများပြားလာပြီး ရောင်းအားလည်း ပိုကောင်းလာကြောင်း မကွေးမြို့ ပယင်းကျောက် ရောင်းဝယ် သူများထံမှ သိရသည်။

မကွေးမြို့ ပယင်းကျောက် ရောင်းချသူများက အသင့်လုပ်ပြီး  ဆွဲကြိုး၊ လက်ပတ်၊ နားဆွဲ စသော ပစ္စည်းထည်များ ရောင်းချကြသည်။ ပယင်းကျောက် ရောင်းချရ မှုအခြေ အနေမှာ ၂ဝ၁၆ခုနှစ် နှစ်ကုန်ပိုင်း မှစတင်၍ ယခုနှစ် အစပိုင်းထိ အရောင်း အဝယ်ကောင်း နေဆဲဖြစ်ကြောင်း ကျောက်မျိုးစုံ ရောင်းချသူ များထံမှ သိရသည်။

ပယင်းကျောက် အမျိုးအစား အမျိုးမျိုးရှိ သည့်အနက် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိုင်းနှင့် ခန္တီးဒေသများက ထွက်သော ပယင်း ကျောက်ကို ပို၍ လူကြိုက်များသည်။ ပယင်းကျောက်သည် အခြားကျောက် များကဲ့သို့ တွင်းထွက် အမျိုးအစား မဟုတ်ဘဲ နှစ်သန်းပေါင်း များစွာ ထင်းရှူး မျိုးနွယ်သစ်ပင် ကြီးများ၏ အစေးက ဖြစ်ပေါ်လာသော ကျောက်အမျိုး အစားဖြစ်သည်။

ပယင်းကျောက်ကို ပြည်တွင်း၌ ပိုမိုရောင်း အားကောင်းသည့် အချိန်တွင် တရုတ်နိုင်ငံဘက်က ပယင်းကျောက် အတုများ ဝင်ရောက် လာသည့်အတွက် ပယင်းကျောက် ဈေးနှုန်းအနည်းငယ် ကျဆင်းသွားပြီး ပြည်သူများက ပယင်းကျောက် အတုကို  အစစ်ဟု ထင်ပြီးဝယ်ယူ မှုများရှိနေကြောင်း ပယင်းကျောက် ရောင်းသူများက ပြောပြသည်။

ပယင်းကျောက်ကို ဆားငန်ရေ အတွင်း ထည့်စိမ်ကြည့်လျှင် ကျောက်အစစ်က ဆားငန်ရေပေါ်၌ ပေါ်နေကာ ကျောက်အတုက မြုပ်သွားကြောင်း သိရသည်။

ပယင်း ကျောက်သည် သွေးလည်ပတ်မှု ကိုကောင်းစေပြီး နှလုံးရောဂါ၊ သွေးတိုး ရောဂါနှင့် ဆီးချို ရောဂါများကို ပျောက်ကင်းစေကြောင်း ယြုံကည်ကြသဖြင့် လြူကီး ပိုင်းများက ကျန်းမာရေးအတွက် ဝတ်ဆင်ကြသည်။ 
နောက်ပိုင်းတွင် ရောင်းချသူများက လူငယ်ကြိုက် ဖန်စီလေးများ ပြုလုပ်ရောင်း ချကြသဖြင့် လူငယ်များလည်း ဝတ်ဆင် လာကြသည်။

ပယင်းကျောက်သည် အရောင် ပေါ်မူတည်၍ ငွေကျပ် သောင်း ဂဏန်းမှ သိန်းဂဏန်းထိ ဈေးနှုန်း ကွာခြားမှုများရှိကာ ပယင်းကျောက် ထဲတွင် အကောင်လေးများနှင့် သစ်ရွက်များပါလျှင် ဈေးနှုန်းပို၍ ရရှိကြောင်း 
ပယင်းကျောက်ရောင်းချ သူများထံမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger