www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 25, 2017

ဧရာဝတီမြစ်ရေကျဆင်း မှုကြောင့် ရေကြောင်းကျပ်တည်းပိတ်ဆို့ မှုမရှိစေရေး အရေးပေါ်အဆင့် အဖြစ် သဲစုပ်သောင်တူးခြင်းကို မတ်လတွင် ဆောင်ရွက်ရန်လျာထား




မန္တလေး (၂၅-၂-၂၀၁၇)

ဧရာဝတီမြစ်ရေ ကျဆင်းမှုကြောင့် ရေကြောင်း ကျပ်တည်း ပိတ်ဆို့မှု မရှိစေရေး မတ်လတွင် အရေးပေါ် အဆင့်အဖြစ် သဲစုပ်သောင်တူးခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေး နိုင်ရန်လျာ ထားကြောင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (မန္တလေး) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဧရာဝတီမြစ် ရေသည် မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်က ၃၆၁စင်တီမီတာသို့ ရောက်ရှိခဲ့ ကြောင်း၊ ဆက်လက်၍ မန္တလေးမြို့၏ ရေနည်း သတိပေးမှတ် ဖြစ်သော ၃၆ဝ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထား ကြောင်း သိရသည်။

အဆိုပါ ရေနည်း သတိပေးမှတ် သို့ မတ်လ အတွင်း၌လည်း ကျရောက် လာနိုင်သည့် အတွက်ယခု လက်ရှိအချိန်တွင် ဧရာဝတီမြစ် အတွင်း၌ ရေကြောင်း ကျပ်တည်း မှုပြဿနာကို ဖြေရှင်းရာတွင် ပုံမှန်  လုပ်ဆောင်နေသည့် လုပ်ငန်း များဖြစ်သည့် ပုံမှန်ရေလမ်းညွှန် လုပ်ငန်း၊ စခန်းချရေ လမ်းညွှန်လုပ်ငန်း၊ ဝါးရေ ကာလုပ်ငန်း အပြင် ရေကြောင်း ကျပ်တည်းမှုတွင် အရေးပေါ် အဆင့် အနေဖြင့် သဲစုပ် သောင်တူးခြင်း လုပ်ငန်းကိုပါ ဆောင်ရွက် ပေးနိုင်ရန် လျာထားကြောင်း သိရသည်။

အဆိုပါ ဧရာဝတီ မြစ်ကြောင်း အတွင်း သင်္ဘောများ သွားလာရာတွင် သောင်ခုံများ ဖြစ်ထွန်းကာ ရေကြောင်း ပိတ်ဆို့ ကျပ်တည်းမှု များမရှိစေရေး အတွက် ရေကြောင်း ကျပ်တည်းနေရာများ ဖြစ်သည့် ပေါက်ကုန်း (ကြက်တူရွေးကျွန်း)၊ ရွှေပေါက်ပင်ရေလမ်း၊ ပုဏ္ဏားကျွန်း စသည့် နေရာများ၌ သဲစုပ်သောင် တူးခြင်း လုပ်ငန်းများကို မတ်လ အတွင်း ဆောင်ရွက်ပေး နိုင်ရန် လျာထားကြောင်း သိရသည်။

ယခုလက်ရှိ ဖေဖော်ဝါရီလ အတွင်း၌လည်း ရေလမ်းကြောင်း သွားလာရာတွင် အခက်အခဲမရှိစေ ရေးအတွက် ရေပေါ်၊ ကမ်းပေါ် ပြအမှတ် အသား ၅၆၅ ခုကို စိုက် ထူကာ လမ်းညွှန်မှုများ ပြုလုပ်ပေး ထားကြောင်း၊ ထိုလုပ်ငန်း များအပြင် ရေကြောင်း ကျပ်တည်းနေရာငါး နေရာ၌ ရေအနက် ရရှိကာ သင်္ဘော များအဆင်ပြေစွာ သွားလာနိုင်ရေး ဝါးရေကာငါးခုဖြင့် ဆောင်ရွက် ပေးနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger