www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 24, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ကျောက်ဖြူမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၊ ၂၄-၂-၂၀၁၇

ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းဒေသရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကုဆေး အဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံ သင်္ဘော (သံလွင်)သည် ဖေဖော်ဝါရီ ၂၂ ရက်နှင့် ယမန်နေ့တွင် ကျောက်ဖြူမြို့ရှိ ဒေသခံပြည်သူ ၁၁၉၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၈၁ ဦး၊ ခွဲစိတ်ရောဂါ ၁၉၃ ဦး၊ ကလေးရောဂါ ၉၂ ဦး၊ သားဖွား/မီးယပ် ရောဂါ ၅ဝ ဦး၊ အရိုးရောဂါ ၁၃၄ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁၁၈ ဦး၊ မျက်စိရောဂါ ၂၃၆ ဦးနှင့် သွားရောဂါ ၉၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ် လူနာ ၂၈ဦး၊ သွားရောဂါလူနာ ၈၄ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၉ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၁၃၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၉၄ ဦးတို့ကို ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၅၈ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင် ကုသပေးကာ လူနာခုနစ်ဦးအား ရန်ကုန်မြို့နှင့် အမ်းမြို့တို့ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger