www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 25, 2017

ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်



အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က သံဃာတော်များ၊ ဒေသခံပြည်သူ
များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် (၂၅-၂-၂၀၁၇)

မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြေပုံကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယနေ့နံနက် ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေး ရာတွင် ခွဲစိတ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ အရိုးရောဂါ၊ သွားရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါနှင့် အထွေထွေ ရောဂါဝေဒနာရှင် ဒေသခံပြည်သူစုစုပေါင်း၂၉၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များနှင့် ECG  စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေး ခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ မကွေးမြို့ရှိ ဒေသခံပြည်သူ ၉၂ ဦးအား ရွာသစ်ပွဲ ကြိုရပ်ကွက် ၁၄ လမ်းရှိ နှစ်ခြင်း ခရစ်ယာန်ဘုရား ရှိခိုးကျောင်း၌ လည်းကောင်း၊ သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ၁၇၅ ဦးအား အဆိုပါကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌လည်းကောင်း တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့များက သွေးတိုး ရောဂါ၊ သွားရောဂါ၊ မျက်စိရောဂါ၊ ကလေး ရောဂါ၊ အရိုးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှု များနှင့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်း များဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger