www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 25, 2016

ကုန်စည်အမျိုးအမည်ပေါင်း ၄၁၀၀ ကျော်အနက် ကုန်စည် ၁၅၀ ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန် မလို



ရန်ကုန် ၊ ၂၅-၁၂-၂၀၁၆

သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သည့် ကုန်စည် အမျိုးအမည်ပေါင်း ၄၁ဝဝ ကျော်အနက် ကုန်စည် ၁၅ဝ ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ စ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ခဲ့သည်။

ယခုဖြေလျှော့ လိုက်သည့် ကုန်စည်များတွင် ကော်ဖီ၊ လက်ဖက်နှင့် ဟင်းခတ် အမွှေးအကြိုင်များ၊ ရော်ဘာနှင့် ရော်ဘာဆက်စပ် ပစ္စည်းများ၊ အလူမီနီယမ်နှင့် ဆက်စပ် ပစ္စည်းများ၊ ခဲသတ္တုနှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ရထား စက်ခေါင်းများနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ် များနှင့် ဆက်စပ် ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

''ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့နဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာပြီး သွင်းကုန်လိုင်စင် ဖြေလျှော့တာပါ။ သွင်းကုန်လိုင်စင် လျှောက်ထားဖို့ မလိုတဲ့ ကုန်ပစ္စည်းတွေကို ထပ်မံထုတ်ပြန် ပေးသွားမှာပါ'' ဟု ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များအား ပို့ကုန် ၁၅၂ မျိုးနှင့် သွင်းကုန် ၁၆၆ မျိုးတို့ကို လိုင်စင် လျှောက်ထားရန် မလိုဘဲ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက ကုန်သွယ်ခွင့်ပြု ထားသဖြင့် ကုန်သွယ်မှုလုပ်ငန်း ပိုမိုမြန်ဆန်ပြီး ကုန်သွယ်မှုလိုငွေ ပြခြင်းကို လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger