www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 4, 2016

မူဆယ်-လားရှိုးပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဆွမ်လုံတံတားကို တပ်မတော်စစ်ကြောင်းက ယာယီပြင်ဆင်ပေးမှုကြောင့် ယာဉ်များ ဖြတ်သန်းသွာလာနိုင်ပြီ


ဆွမ်လုံတံတားပေါ် မှ ယာဉ်များဖြတ်သန်း သွားလာနေသည်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဆွမ်လုံတံတား အား မိုင်းဖောက်ခွဲ ခံရမှုကြောင့် ပျက်စီးခဲ့ရာ တပ်မတော် စစ်ကြောင်းက ယာယီပြင်ဆင် ပေးမှုကြောင့် ယာဉ်တစ်စီးချင်း ဖြတ်သန်း သွားလာနိုင် ခဲ့ကြောင်း၊ ယခုအခါ ၄င်းတံတား၏ ဝဲဘက်တွင် ယာယီဘေလီ တံတားတစ်စင်း ဆောက်လုပ် ပေးခဲ့သဖြင့် ယာဉ်များပုံမှန် အတိုင်း သွားလာနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

ကွတ်ခိုင်မြို့နယ် ဆွမ်လုံကျေးရွာ အနီး မူဆယ်-လားရှိုး သွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဆွမ်လုံတံတားအား KIA/ TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၃ဝ ရက် နံနက်ပိုင်းက မိုင်းထောင် ဖောက်ခွဲခဲ့ သဖြင့် တံတား မျက်နှာပြင် ၇ ပေခန့် ပျက်စီးခဲ့ ရာ တပ်မတော် စစ်ကြောင်းက ယာယီပြင်ဆင် ပေးခဲ့မှုကြောင့် မော်တော်ယာဉ်များ တစ်စီးချင်းသာ ဖြတ်သန်း သွားလာနိုင် ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂ ရက်က ၄င်းတံတား၏ ဝဲဘက်တွင် အရှည် ၂၅ ပေနှင့် အကျယ် ၁၈ ပေရှိ ယာယီဘေလီ တံတားတစ်စင်းအား Oriental Highway Co., Ltd. မှ တာဝန်ယူ ဆောက်လုပ်ပေးခဲ့ရာ ယာဉ်ကြီး၊ ယာဉ်ငယ်များ ပုံမှန်အတိုင်း သွားလာလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger