www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 10, 2016

အိန္ဒိယရူပီးငွေ ၅၀၀ တန်နှင့် ၁၀၀၀ တန်တို့ကို ငွေမည်းစာရင်း ကြေညာမှု တမူးမြို့ နန်းဖာလုံဈေးသို့ ရိုက်ခတ်



ကလေး ၊ ၁၀-၁၁-၂၀၁၆

အိန္ဒိယနိုင်ငံသုံး ရူပီးငွေ ၅ဝဝ တန်နှင့် ၁ဝဝဝ တန်တို့ကို ဆက်လက် အသုံးမပြုရန် အိန္ဒိယ ဝန်ကြီးချုပ်က နိုဝင်ဘာ ၈ ရက်တွင် ကြေညာ လိုက်ခြင်းကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့ နန်းဖာလုံဈေး သို့လည်း ရိုက်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ဈေး တစ်ခုဖြစ်သည့် နန်းဖာလုံ ဈေးတွင် ကုန်ပစ္စည်း ရောင်းဝယ်မှု များကို မြန်မာငွေကြေး ဖြင့်သာမက အိန္ဒိယရူပီးငွေ ဖြင့်လည်း လက်ခံ ရောင်းဝယ်မှုများ ပြုလုပ်လျက် ရှိပြီး ယခုကဲ့သို့ ရူပီး ၅ဝဝ တန်နှင့် ၁ဝဝဝ တန်များကို ဆက်လက် အသုံးမပြုရန် ငွေမည်းအဖြစ် ကြေညာ လိုက်သောကြောင့် ၄င်းရူပီးငွေ များကို လက်ဝယ် ပိုင်ဆိုင်ထား ကြသည့် မြန်မာနိုင်ငံမှ နန်းဖာလုံ ဈေးသူ၊ ဈေးသား၊ ကုန်သည်များ အတွက် နစ်နာမှုများ ရှိလာမည်ကို စိုးရိမ် နေကြကြောင်း နန်းဖာလုံ ဈေးသူ၊ဈေးသား များထံမှ သိရသည်။

'' ရူပီး ၅ဝဝ တန်၊ ၁ဝဝဝ ထောင်တန် တွေနဲ့ ဈေးရောင်း ၊ဈေးဝယ် မလုပ်ကြဖို့ ဒီနေ့မနက် နန်းဖာလုံ ဈေးထဲမှာ ဈေးကော်မတီ က လှည့်လည် သတိပေး နှိုးဆော်ထား ပါတယ်။ အိန္ဒိယဘက်က ပြန်လဲပေးမယ် လို့တော့ သိရပေမယ့် ဘယ်လိုလုပ်ရ မယ်ဆိုတာ မသိရသေးပါဘူး'' ဟု နန်းဖာလုံဈေးမှ ဦးအောင်ဇော်လင်း က ပြောပြသည်။

အိန္ဒိယနိုင်ငံသုံး ရူပီးငွေ ၅ဝဝ တန် နှင့် ၁၀၀၀ တန်များကို ယမန်နေ့မှ စတင်ကာ ဆက်လက်အသုံး မပြုကြရန် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်မိုဒီ က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန် ကြောညာ ခဲ့ကြောင်း၊ အဆိုပါ ရူပီး ၅ဝဝ တန်နှင့် ၁ဝဝဝ တန်များကို နိုဝင်ဘာ ၁ဝ ရက်မှ ဒီဇင်ဘာ ၃ဝ ရက်အတွင်း အိန္ဒိယနိုင်ငံဘဏ် များတွင် ပြန်လည်ပေးသွင်း ထားနိုင်ကြောင်း India Today Page တွင် ဖော်ပြထားသည်။

''ရူပီးငွေအချို့ကို ဆက်လက် အသုံးမပြုဖို့ ငွေမည်းစာရင်း ကြေညာတာနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံက တာဝန်ရှိသူတွေ ကတော့ ပြန်လဲပေးမယ် လို့ သိရပါတယ်။ ဒါပေမဲ့ တစ်ဖက်နိုင်ငံက ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကတော့ တရားဝင် ဆောင်ရွက်ပေးလို့ မရဘူး။ ကုန်သည်တွေနဲ့ နီးစပ်ရာ အသိုင်းအဝိုင်း တွေကတစ်ဆင့် ဝိုင်းဝန်းဖြေရှင်း ကြရမယ့် အနေအထားပါ။ ရူပီး ၅ဝဝ တန်၊ ၁ဝဝဝ တန်တွေနဲ့ ဈေးလာ ဝယ်ရင် ကျွန်တော်တို့ နိုင်ငံသားတွေ အလိမ်ခံထိမှာ စိုးလို့ ဈေးတွေမှာတော့ ကြေညာပေးထား ပါတယ်'' ဟု တမူးမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း က ပြောပြသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger