www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 6, 2016

ကျောင်းသန့်ရှင်းရေးနှင့် ကျောင်းဖွံ့ဖြိုးရေး ရက်သတ္တပတ် အနေဖြင့် ဇွန် ၂၀ ရက်မှ ဇူလိုင် ၉ ရက်အထိ သတ်မှတ်မည်



ရန်ကုန် ၊ ၆-၆-၂၀၁၆

ကျောင်းသန့်ရှင်းရေး နှင့် ကျောင်းဖွံ့ဖြိုးရေး ရက်သတ္တပတ် အနေဖြင့် ဇွန် ၂ဝ ရက်မှ ဇူလိုင် ၉ ရက်အထိ သတ်မှတ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

''ဆရာအသင်းနဲ့ သက်ဆိုင်ရာ ဌာနတွေ ပူးပေါင်းပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်း ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အခြေခံပညာ ကျောင်းတွေမှာ ကျောင်းသန့်ရှင်း သပ်ရပ်ရေး၊ ကျောင်းကျန်းမာရေးနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အသိပညာ ဗဟုသုတ ဖွံ့ဖြိုး တိုးတက်ဖို့ ရည်ရွယ်ပါတယ်'' ဟု ရန်ကင်းမြို့နယ် ရှိ အ-ထ-က(၁) ကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးသူ က ပြောသည်။

ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ် များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းမည် ဖြစ်ပြီး ကျောင်း ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းနှင့် ကာယ လေ့ကျင့်ခန်းများ စုဖွဲ့ လေ့ကျင့် စေခြင်းများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ကျောင်းမုန့်ဈေးတန်း များတွင် အသိအမှတ် ပြုထားသည့် မည်သည့်မုန့် အမျိုးအစားမဆို ရောင်းချနိုင်ပြီး ခွင့်မပြုထားသာ မုန့်များ ရောင်းချခြင်း မပြုလုပ်ရန် အသိပညာ ပေးမှုများ ပြုလုပ်မည် ဖြစ်ပြီး လိုက်နာခြင်း မရှိပါက ရောင်းချခွင့် မပြုကြောင်း သိရသည်။

မုန့်ဈေးတန်း များတွင် အချိုမှုန့်၊ ဆိုးဆေး အလွန်အကျွံ သုံးစွဲထားသည့် မုန့်များ၊ အကင်များ၊ ယမ်းစိမ်းနှင့် ပြုလုပ်ထားသော မုန့်များ၊ တာရှည်ခံ ပစ္စည်းများ ပါဝင်သော အစားအစာများ၊ နို့နှင့်နို့ထွက် ပစ္စည်းများ ရောင်းချရာတွင် တံဆိပ်၊ ခွင့်ပြုအမှတ်၊ ကုန်ဆုံးရက်များကို စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ ကျန်းမာရေး စစ်ဆေးရာတွင် သတ်မှတ်ထားသော စည်းကမ်းချက် များကို လိုက်နာပါက အသိအမှတ်ပြု ကတ်ပြားများ ပေးမည်ဖြစ်ပြီး စစ်ဆေးရာတွင် ဆိုင် အခင်းအကျင်း များ၊ ယင်လုံအောင် ဖုံးအုပ်ထားခြင်း ရှိ၊ မရှိ၊ ရောင်းချရာတွင် ကြွေပန်းကန်နှင့် စတီးပန်းကန် တို့ကို အသုံးပြုရမည် ဖြစ်ပြီး မယ်လမင်းဓာတ်၊ ကော်၊ ပလတ်စတစ်နှင့် ဖော့ဘူးများကို အသုံးမပြုရန် ညွှန်ကြား ထားကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger