www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 23, 2015

FIFA 11 for Health စီမံကိန်းအဖြစ် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ကျောင်းပေါင်း ၂၈၈ ကျောင်းသို့ ၁၁ ပတ်ကြာ သွားရောက်



ရန်ကုန် ၊ ၂၃-၁၂-၂၀၁၅

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် FIFA 11 for Health စီမံကိန်း အကောင်အထည် ဖော်ရန် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အခြေခံပညာ ကျောင်း ၂၈၈ ကျောင်းသို့ ၁၁ ပတ်ကြာ ခရီးစဉ် သွားရောက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA မှပေးအပ်သည့် FIFA 11 for Health အစီအစဉ်ကို ရရှိထားသည့် အာရှတိုက်ရှိ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့် အညီ စီမံကိန်း အစီအစဉ် များကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ အခြေခံပညာ ကျောင်းများသို့ မသွားရောက်မီ ကျောင်းများမှ ဆရာ၊ ဆရာမများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၌ ကြိုတင် သင်တန်းပို့ချ ပေးထား ခြင်းကြောင့် လက်တွေ့တွင် ပိုမို အဆင်ပြေ လွယ်ကူလျက် ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ ခရီးစဉ်က ၁၁ ပတ်ကြာပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့ တို့မှာရှိတဲ့ ကျောင်းပေါင်း ၂၈၈ ကျောင်းကို ဆက်တိုက် သွားရောက် သင်ကြား နေပါတယ်။ ဒီအစီအစဉ် ကို ဘယ်လို ဆောင်ရွက် သလဲဆိုရင် သင်တန်းချိန် တစ်ချိန်ကို မိနစ် ၉ဝ သင်ကြားပြီး ပထမပိုင်း ၄၅ မိနစ်မှာ ဘောလုံးနဲ့ ပတ်သက်တဲ့ အခြေခံတွေကို အရင်သင် ပါတယ်။ ဒုတိယပိုင်း ၄၅ မိနစ်မှာတော့ ကျန်းမာရေး၊ လူမှုဘဝ အစရှိတဲ့ အထွေထွေ ကိစ္စရပ်တွေကို သင်ကြားပို့ချ ပါတယ်'' ဟု အဖွဲ့ခေါင်းဆောင် ဦးသိန်းသန်းတိုး ၏ ပြောကြားချက် အရ သိရသည်။

FIFA မှပေးအပ်  ထားသည့် FIFA 11 for Health အစီအစဉ် သည် ၁၀ နှစ် စီမံကိန်းဖြစ်ပြီး ဘတ်ဂျက်ငွေ အဖြစ် အမေရိကန် ဒေါ်လာ ၁၁ဝဝဝဝ ကို ပံ့ပိုးပေးထားကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ကျပ် သိန်း ၇ဝဝ ပံ့ပိုးပေး ထားကြောင်း သိရသည်။

လက်ရှိတွင် သုံးနှစ်တာ ကာလသို့ ရောက်ရှိနေပြီး ၁ဝ နှစ် စီမံကိန်း ပြီးစီးပါက ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဘောလုံး အခြေခံ သဘောတရား များကို သိရှိနားလည် မည့် ကလေးငယ် တစ်သန်းကျော် ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ကျော်ကိုဆင့်

မြ၀တီနေ့စဉ် ၊ စာ(၃၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger