www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 21, 2015

တပ်မတော်မြစ်တွင်းသွား ဆေရုံရေယာဉ်(ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် စကု တို့ဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်



နေပြည်တော် ၊ ၂၁-၁၂-၂၀၁၅

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်-စကု တို့မှ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ဒီဇင်ဘာ ၁၉ ရက်တွင် မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝက်မစွပ် ကျေးရွာမှ ဒေသခံပြည်သူ ဆေးကုသမှု ဆိုင်ရာရောဂါ ၂၈၃ ဦး၊ ခွဲစိတ်ရောဂါ ၃၈ ဦး၊ သားဖွား မီးယပ်ရောဂါ ၂၁ ဦး၊ ကလေးရောဂါ ၉၃ ဦး၊ အရိုးရောဂါ ၁၃ဝ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၂၈ ဦးနှင့် သွားရောဂါ ၁၁၈ ဦး၊ စုစုပေါင်း ၇၄၈ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးရုံရေယာဉ်ဖြင့် ခွဲစိတ်ရောဂါ ခုနစ် ဦး၊ မျက်စိခွဲစိတ် ရောဂါ ၁၉ ဦးနှင့် သွားရောဂါ ၉၃ ဦးတို့အား ခွဲစိတ် ကုသပေးခြင်း၊ ဓာတ်မှန် ရိုက်လူနာ ၂၃ ဦးနှင့် အာထရာဆောင်း ရိုက် လူနာ ၁၈ ဦးတို့အား ရောဂါရှာဖွေ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်-စကု တို့မှ တပ်မတော် နယ်လှည့် အထူးကုဆေး အဖွဲ့သည် ဒီဇင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၈ဝ၁၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger