www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 5, 2015

အင်ဒိုနီးရှားတောမီး၏ ဘေးအန္တရာယ်မှ ကင်းဝေးစေရန် ဘော်နီယို နှင့် စူမားတြား လူဝံကြီးများ ရွှေ့ပြောင်းပေးခဲ့ရ



ဂျကာတာ ၊ ၅-၁၀-၂၀၁၅

ဘော်နီယိုနှင့် စူမားတြား လူဝံကြီး ၂ဝဝ ကျော်တို့ကို အင်ဒိုနီးရှား တောမီးကြီး၏ ဘေးအန္တရာယ်မှ ကင်းဝေးစေရန် ကျွန်းအတုများ ပေါ်သို့ ရွှေ့ပြောင်းပေး ခဲ့ရကြောင်း သိရသည်။

ဘေးမဲ့ သစ်တောကြီးကို တောမီး အန္တရာယ်များ ကျရောက်လာခဲ့၍ ဟက်တာ ၁ဝဝ ကျော် မီးလောင်ကျွမ်း သွားခဲ့ရပြီး ဖြစ်သည်။ ပြီးခဲ့သော စက်တင်ဘာ ၂၇ ရက်က စတင်လောင်ကျွမ်း ခဲ့သော အင်ဒိုနီးရှား တောမီးမှာ မီးသတ်သမားများ မနိုင်မနင်း ဖြစ်လျက်ရှိပြီး မီးများကို ငြိမ်းသတ်နိုင် သေးခြင်း မရှိကြောင်း သိရသည်။

ဘော်နီယိုနှင့် စူမားတြား လူဝံကြီး အကောင်ရေ ၂ဝ၉ ကောင်ကို အရေးပေါ် လူလုပ်ထားသော ကျွန်းတစ်ခု အတွင်း ပေးပို့ထားပြီး တောမီးမကူး စက်ရန် ချောင်းကြီး တစ်ခုက တားဆီးပေးထား သကဲ့သို့ ဖြစ်နေ၍ ၄င်းတို့၏ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ကြောင်း သိရသည်။

တောမီးကြီး၏ မီးခိုးများကြောင့် လူဝံကြီးများ၏ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ မဖြစ်ပွားစေရန် စောင့်ကြည့်လျက် ရှိကြောင်း တိရစ္ဆာန်ဆရာဝန် တစ်ဦးက ပြောပြသည်။ ယနေ့ချိန်ထိ ၄င်းတို့တွင် ရောဂါရရှိသည့် အရိပ်အယောင် များမတွေ့ရှိ ရသေးကြောင်း ၊ လူဝံများတွင် အချို့ ငယ်ရွယ်သော လူဝံ ၁၃ ကောင် ပါရှိကြောင်း အခြားနေရာသို့ ရွှေ့ပြောင်းရန် အစီအစဉ် မရှိသေးကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံ တွင် ဘော်နီယို နှင့် စူမားတြား လူဝံကြီးပေါင်း ၇၅ဝ ရှိနေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger