www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 12, 2015

ကျပ်သိန်းပေါင်း ၂၀၁၁၂ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ခြံဝင်းအတွင်း မြေကြီးဖြင့် ဖုံးအုပ်မြှုပ်နှံထားသော မူးယစ်ဆေးဝါးများကို တူးဖော်စဉ်

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး များကိုတွေ့ရစဉ်

ဖမ်းဆီးရမိသော ပြစ်မှုကျူးလွန်သူ များကို မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်

နေပြည်တော် ၊ ၁၂-၆-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ မူကွာကျိုင်း ကျေးရွာနှင့် ရွှေဆင်မြို့သစ် အတွင်းသို့ ဇွန် ၁ဝ ရက် နံနက် ၁ဝ နာရီတွင် တပ်မတော် စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ  ပါဝင်သော ပူးပေါင်းအဖွဲ့ က သွားရောက်၍ ရှောင်တခင် ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ရှောင်တခင် စစ်ဆေးစဉ် မူကွာကျိုင်း ကျေးရွာအဝင် လမ်း၌ ပိတ်ဆို့ရေး အဖွဲ့တစ်ဖွဲ့ ထားရှိ ဆောင်ရွက်ခဲ့ရာ ရွာအဝင်လမ်း အတိုင်း ဝင်ရောက်လာသော မသင်္ကာဖွယ် အမျိုးသား တစ်ဦးကို တွေ့ရှိရ သဖြင့် စစ်ဆေးစဉ် ပေါ်ပေါက်ကျိုင်း ကျေးရွာနေ ဦးမုံကြုံဖူး (၄၂)နှစ် ဖြစ်ပြီး ၄င်း၏ ညာဘက် ဘောင်းဘီအိတ် အတွင်း၌ ရေသန့်ဘူးဖြင့် ထည့်ထားသော တန်ဖိုးငွေကျပ် သုံးသိန်းခန့် ရှိသော ဘိန်းဖြူအမှုန့် အလေးချိန် ၁၅ ဂရမ်ခန့်နှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။

ထို့နောက် ပူးပေါင်း အဖွဲ့သည် ရွှေဆင်မြို့သစ် အတွင်း ဆက်လက် ရှင်းလင်း ရှာဖွေခဲ့ရာ ရွှေဆင် လမ်းမကြီး နှင့် ယုံရှင်း လမ်းသွယ် (၅)လမ်း ထောင့်ရှိ အမှိုက်ပုံအနီး လတ်တလော စွန့်ပစ်ထားဟန် ရှိသော အမှိုက်ထုပ် အတွင်းမှ တန်ဖိုးငွေကျပ် ၄၅ သိန်း ၉ သောင်းခန့်ရှိ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၃ဝ၆ဝ ပြား သိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်၍ ရွှေဆင်လမ်းသွယ် (၂)လမ်းရှိ ဦးရန်ကော်ဘင် (၄၇) နှစ်၏နေအိမ်ကို ဆက်လက် ရှာဖွေခဲ့ရာ ခြံဝင်းအတွင်း မြေကြီးဖြင့် ဖုံးအုပ်မြှုပ်နှံ ထားသော တန်ဖိုးငွေကျပ် သိန်း ၁၉၂ဝဝ ခန့်ရှိသော ICE ပုံဆောင်ခဲ (မက်သာ အက်ဖီဒရင်း) ၉၆ ကီလို၊ တန်ဖိုးငွေကျပ် ၈၆၄ သိန်းခန့် ရှိသော အက်ဖီဒရင်း အမှုန့် ၃၂ ကီလို၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြားအချို့နှင့် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော လက်ရိုက် မိုတစ်စုံ တို့ကို သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်း များနှင့် ပြစ်မှု ကျူးလွန်သူ များကို ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် နောက်ကွယ်မှ ကြိုးကိုင် စေခိုင်းသူများကို ဖမ်းဆီးရမိရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger