www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 4, 2015

မြန်မာနိုင်ငံတွင် သင်္ဘောသားများကို ဆင်မြူလေတာ ဖြင့် ပထမဆုံးအကြိမ် လက်တွေ့ သင်ကြားနိုင်ပြီ



ရန်ကုန် ၊ ၄-၆-၂ဝ၁၅

မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား များကို သင်ကြားမှု ပြုလုပ်ရာတွင် သင်္ဘောပေါ်၌ အမှန်တကယ် ဝင်ရောက် မောင်းနှင် သကဲ့သို့ သင်ကြားမှု ပြုလုပ်နိုင်ရန် MES သင်္ဘောသား သင်တန်းကျောင်းမှ ယခုနှစ်
ဇွန် ၁ ရက်တွင် သင်္ဘော၏ ဦးပိုင်းနှင့် တူသည့် ဆင်မြူလေတာ စာသင် ခန်းမကြီး တစ်ခုကို ဖွင့်လှစ် နိုင်ခဲ့ပြီး ဖြစ်ကြောင်း MES သင်တန်းကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ဆင်မြူလေတာ ခန်းမက သင်္ဘော တစ်စင်းရဲ့ သင်္ဘော မောင်းနှင်မှု အဓိက ပြုလုပ်ရတဲ့ သင်္ဘော ခေါင်းပိုင်းနဲ့ တစ်ပုံစံတည်း တူအောင် ပြုလုပ် ထားတာပါ။ ဒီ ဆင်မြူလေတာ ကို အသုံးပြုပြီး မြန်မာ သင်္ဘောသား ကုန်းပတ်ပိုင်း အရာရှိ တွေကို သင်္ဘော မောင်းနှင်မှုနဲ့ သက်ဆိုင်တဲ့ သင်ခန်းစာ တွေကို ဆရာ တွေက သင်ကြား ပေးသွားမှာပါ။ အရင်က စာတွေ့ပဲ သင်ကြား ရတာကြောင့် သင်္ဘောသားတွေ အနေနဲ့ လေ့လာ မှတ်ယူရတာ ခက်ခဲပါတယ်။ အခုလို ဆင်မြူလေတာ နဲ့ သင်ကြား ရတာက သင်္ဘောသားတွေ အတွက် အခွင့်အရေးကောင်း တစ်ခု ရတာပါ''ဟု ဝါရင့် ရေယာဉ် မာလိန်မှူး တစ်ဦးက ပြောသည်။

အဆိုပါ ဆင်မြူလေတာ ကို Full Mission Bridge Simulator ဟုလည်း ခေါ်ကြောင်း သိရသည်။ MES သင်္ဘောသား သင်တန်းကျောင်းမှ အဆိုပါ ဆင်မြူလေတာ တည်ဆောက် နိုင်ရန် အချိန်များစွာယူခဲ့ပြီး ပြည်ပ နည်းပညာ တချို့နှင့် ပြည်တွင်းရှိ ပညာရှင်များ ပူးပေါင်း၍ တည်ဆောက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်း ဆင်မြူလေတာ ဖြင့် သင်ကြားမှု ပြုလုပ်ရာတွင် အခြေခံ သင်္ဘောသားများ သာမက သင်္ဘောသား အရာရှိများပါ သင်ကြားမှု ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်မြူလေတာ တွင် သင်္ဘောသား အရာရှိများကို သင်ကြားမှု ပြုရာတွင် ဝါရင့် မြန်မာနိုင်ငံသား မာလိန်မှူး များမှ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်တွင်းရှိ သင်္ဘောသား သင်တန်းကျောင်း တချို့တွင်လည်း သင်ကြားမှု ပြုလုပ်နိုင်ရန် ဆင်မြူလေတာ သုံးလေးခုခန့် ထပ်မံ ဖွင့်လှစ်နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

ဆင်မြူလေတာ ဖြင့် သင်ကြား လိုသည့် မြန်မာ သင်္ဘောသား အရာရှိများ အနေဖြင့် ဆက်သွယ် စုံစမ်း တက်ရောက် လိုပါက ဖုန်း- ဝ၉- ၂၅ဝ၉၈ ၅၆၃၉ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger