www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 2, 2015

အိန္ဒိယနိုင်ငံသားများ အတွက် အပူရှိန်သည် ဒုတိယအကြီးဆုံး လူသတ်လက်နက် ဖြစ်လာ




နယူးဒေလီ ၊ ၂-၆-၂၀၁၅

အိန္ဒိယပြည်သူများ အတွက် 'ရေ' သည် ပထမ အကြီးမား ဆုံးသော လူသတ်လက်နက်ကြီး ဖြစ်နေပြီး အပူရှိန် (သို့မဟုတ်) 'နေမင်းကြီး' သည် ဒုတိယ အကြီးဆုံး လူသတ်လက်နက် ဖြစ်လာ နေကြောင်း သိရသည်။

ပြီးခဲ့သော ဆယ်စုနှစ် ကထက် နေအပူရှိန် ကြောင့် အိန္ဒိယ နိုင်ငံသားများ သေဆုံး နေရခြင်းသည် ၆ဝ ရာခိုင်နှုန်း ကျော် တိုးလာခဲ့သည်။

အိန္ဒိယနိုင်ငံ အစိုးရ၏ စာရင်းများအရ မကြာသေးမီ ရက်များက ကျရောက် လာခဲ့သော အပူလှိုင်း ကြီးကြောင့် လူပေါင်း ၂ဝဝဝ ကျော် သေဆုံးခဲ့ရပြီး ၁၅ နှစ်အတွင်း အပူပြင်းဆုံး ကာလကြီး ဖြစ်သည်။ ယနေ့ သေဆုံးနေရ မှုများသည် ၂ဝ၁၃ ခုနှစ်ကထက် နှစ်ဆကျော် များပြားလာပြီး အိန္ဒိယနိုင်ငံ ၏ နွေရာသီ အစတွင် ကြမ်းတမ်းစွာ ဝင်ရောက် လာခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ အတွင်း ရေဘေးကြောင့် သေဆုံးမှု များသည် အများဆုံး ဖြစ်နေပြီး နေအပူရှိန် ကြောင့် သေဆုံးမှုမှာ ၁ဝ နှစ်အတွင်း အဆိုးရွားဆုံး အခြေအနေ ဖြစ်လာသည်။

ကမ္ဘာကြီးသည် ပြီးခဲ့သော နှစ်တစ်ရာကျော် ကထက် အပူချိန် သုည ဒသမ ၆ ဒီဂရီတိုးမြင့် ပူပြင်း လာခဲ့ပြီး အထူးသဖြင့် အိန္ဒိယနိုင်ငံ သည် အပူပိုင်း ဒေသကြီးတွင် ပါဝင်လျက်ရှိရာ ကမ္ဘာ့ အပူပိုင်းဇုန် ကြီးအတွင်း အပူရှိန် တိုးမြင့် နေခြင်းသည် ၂ ဒီဂရီ ဆဲလ်စီယပ်မှ ၄ ဒီဂရီ ဆဲလ်စီယပ် ထိရှိနေသည် ဟု သိရသည်။

ကျေးလက်ဒေသ နှင့် မြို့ကြီး၊ ပြကြီးများ၏ အပူရှိန် မတူညီ ကြဘဲ မြို့ကြီးများတွင် လူဦးရေ ထူထပ် သိပ်သည်းစွာ နေထိုင်ကြ ရခြင်းကြောင့် ကျေးလက်ဒေသ များထက် အပူရှိန် မြင့်မား နေတတ်ကြောင်း အိန္ဒိယ အစိုးရသိပ္ပံနှင့် ပတ်ဝန်းကျင် ရေးရာ အရာရှိ အာဂျူနာစီရီနီဒီ က ရှင်းပြသည်။

၂ဝ၁ဝ ပြည့်နှစ် ကထက် ၂ဝ၁၅ ခုနှစ်တွင် ဖြစ်ပွားသော အပူလှိုင်းမှာ ပို၍ဆိုးရွား လာခဲ့ပြီး အသေအပျောက် ပိုများ လာသည်။ အိန္ဒိယတွင် အပူရှိန် အမြင့်မားဆုံး ဖြစ်သော ဒေသများမှာ ပင်လယ် ကမ်းရိုးတန်း ဒေသများ၊ နိုင်ငံတောင်ပိုင်း နှင့် အလယ်ပိုင်း ဒေသကြီး တို့ဖြစ်သည် ဟု သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger