www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 22, 2015

တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေး တိမ်းရှောင်နေသော ရခိုင်သောင်းကျန်းသူ ငါးဦးအား ဖမ်းဆီးရမိ


ဖမ်းဆီးရမိ ရခိုင်သောင်းကျန်းသူ များနှင့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်

ရခိုင်သောင်းကျန်းသူများ ဖမ်းဆီးရမိနေရာ

နေပြည်တော် ၊ ၂၂-၄-၂၀၁၅

ပလက်ဝဒေသ အတွင်း ပင်လုံကျေးရွာ၊ အောင်လံချောင်း ကျေးရွာများ အနီး၌ ဧပြီ ၁၇ ရက်တွင် တပ်မတော် စစ်ကြောင်းများနှင့် ရခိုင် သောင်းကျန်းသူ အင်အားအချို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပြီး သောင်းကျန်းသူများ
ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်းများက ရခိုင် သောင်းကျန်းသူများ ခိုအောင်း နိုင်သော နယ်မြေများအား ရှင်းလင်း ဆောင်ရွက်ရာ တပ်မတော် စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာတွင် ပါဝင်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင် နေသူ ရခိုင် သောင်းကျန်းသူများ ခိုအောင်းနေကြောင်း ဒေသခံ ပြည်သူများ၏ သတင်းပေးချက် အရ ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းတွင် စပါးဆိပ်ရွာ အနောက်ဘက် တောစပ်၌ ခိုအောင်း နေသော ရခိုင် သောင်းကျန်းသူ တပ်သား အဆင့်ရှိ ကျော်ဝင်း (ဘ) ဦးခိုင်စိုး ၃၂ နှစ်နှင့် စိန်ကျော်သန်း (ဘ) ဦးဘသန်း ၃၅ နှစ်တို့ နှစ်ဦးကို လည်းကောင်း၊ ညနေပိုင်းတွင် ညောင်ပင်လှရွာ အပြင်ဘက်တွင် ခိုအောင်း နေသော ရခိုင် သောင်းကျန်းသူ ဗိုလ်အဆင့်ရှိ ထွန်းအောင်ဖြူ (ဘ) ဦးဖြူဒေါင်း ၃ဝ နှစ် နှင့် တပ်သားအဆင့် ရှိ ဇင်မျိုးအောင် (ဘ) ဦးငလုံးချေ ၃၃ နှစ်၊ ဒဏ်ရာရရှိ ထားသော ညီလှိုင် (ဘ) ဦးသာတိုး ၃ဝ နှစ်တို့ သုံးဦးကို လည်းကောင်း အသီးသီး ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသော ရခိုင် သောင်းကျန်းသူ များသည် လက်နက်၊ ခဲယမ်း များကို အခြား နေရာများတွင် သိုဝှက်ထားခဲ့ရာ ပိန္နဲချောင်းရွာ အရှေ့ တောင်ဘက်ရှိ လျှိုအတွင်းမှ အမ်(၂၂) နှစ်လက်၊ ကျည်အိမ်လေးခု၊ ကျည် ၈ဝ တောင့်၊ လက်ပစ်ဗုံး ငါးလုံးနှင့် အီကွေးမန့် နှစ်စုံကို လည်းကောင်း၊ အောင်လံချောင်းရွာ အရှေ့ မြောက်ဘက်ရှိ လျှိုအတွင်းမှ အမ်(၂၂) သုံးလက်၊ ကျည်အိမ် ရှစ်ခု၊ ကျည် ၁၆၇ တောင့်၊ လက်ပစ်ဗုံး လေးလုံးနှင့် အီကွေးမန့် သုံးစုံကို လည်းကောင်း၊ စုစုပေါင်း အမ်(၂၂) ငါးလက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၂၄၇ တောင့်၊ လက်ပစ်ဗုံး ကိုးလုံးနှင့် အီကွေးမန့် ငါးစုံတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ရခိုင် သောင်းကျန်းသူ ငါးဦးအား စစ်ဆေး မေးမြန်း၍ သတင်းဆက် ဖော်ထုတ်လျက် ရှိပြီး ရခိုင်ပြည်နယ် အတွင်း ရခိုင် သောင်းကျန်းသူများ စိမ့်ဝင် ခိုအောင်းမှု မရှိစေရေး တပ်မတော် စစ်ကြောင်းများက ဆက်လက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger